သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။

Sunday, February 8, 2009

KNU မှ DKBA ကို ၀င်ရောက်တိုက်ခိုက်ခြင်း

ဒီနေ့ည သန်းခေါင် ၁၂၀၀ နာရီကျော်ကျော်က မြ၀တီ-သင်္ကန်းညီနောင်မြို့သစ် ရပ်ကွက်မှာရှိတဲ့ DKBA (၉၀၇)က ကုန်ပစ္စည်းတွေထားတဲ့ ဂိုထောင်ကို KNU ကွန်မန်ဒိုအဖွဲ့တစ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

KNU ဘက်က ထိခိုက်မှုမရှိပဲ DKBA ဘက်က ဂိုထောင်စောင့် ကလေးတစ်ဦးနဲ့ ရဲဘော် ၂ ဦး ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။ စစ်အစိုးရက နားလည်မှုနဲ့ လုပ်ပိုင်ခွင့်ပေးထားတဲ့ DKBA ရဲ့ စီးပွားရေးလုပ်ငန်းများကို KNU က ယခုလို မကြာခဏ နှောင့်ယှက်တိုက်ခိုက်လေ့ရှိပါတယ်။ DKBA ဘက်က ထိခိုက်ဆုံးရှုံးမှုတွေရှိနေလို့ မကြာခင်မှ KNU ကို လက်တုန့်ပြန်မှုတွေ ရှိလာနိုင်ကြောင်း နယ်စပ်မှာ သတင်းများဖြစ်ပေါ်နေလို့ စီးပွားရေးလုပ်ငန်းရှင်များ စိုးရိမ်နေကြပါတယ်.....

http://www.amayeainn.blogspot.com/

No comments: