သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။

Monday, June 18, 2012

One only dies once, and if one does not die well , a good opportunity is lost and will not present itself again.

လူတစ်ယောက်ဟာ တစ်ခါ သာသေရမယ်။ ကောင်းသော သေခြင်းမဟုတ်ရင် အခွင့်အရေး ကောင်းတခု ဆုံးရှုံးရသလို ၊နောက်တကြိမ်လည်း ရတော့မှာ မဟုတ်ပါဘူး။

There are no tyrants where there are no slaves.

မင်းဆိုးမင်းယုတ်မရှိတဲ့နေရာမှာ ကျေးကျွန်တွေဆိုတာလည်း မရှိပါဘူး ။



The youth is the hope of our future.

လူငယ်တွေဟာ ကျွန်တော်တို့ အနာဂါတ်ရဲ့  မျှော်လင့်ချက်တွေ ပါ......


Truth does not need to borrow garments from error.

အမှန်တ၇ားလုပ်သူသည် အမှားလုပ်သူတွေထံမှ အ၀တ်အစား ငှား ယူစရာမလိုပေ။





Tuesday, February 21, 2012

သားစိုးမဟုတ်သော.........သားစိုးလေး

ငါ့ကိုဒီအခန်းကြီးက
ပျင်းစရာကောင်းအောင်
ဖန်တီးလို့ထားခဲ့
သူတို့ မရှိ
ငါတို့မရှိ
သားစိုးမဟုတ်ပါ........

ငါသီးချင်းတွေကိုလဲ
မရွတ်တက်
ဒါပေမယ့် ငါ့စကားလုံးမှားနေတဲ့
စာသားအချို့ ကိုတော့
ငါရေးတက်ခဲ့ပြီ


ငါမရှိခဲ့ပါ.........
ငါမသိခဲ့ပါ
ငါ့အိပ်မက်တွေလဲ
တကယ်တော့
မရှိခဲ့ပါ....................


တကယ်တော့ငါက သားစိုးမဟုတ်
သားစိုးလေးသာ ဖြစ်ခဲ့




(သားစိုးလေး)

Thursday, January 19, 2012

သားစိုးလေး ပြန်လာပြီ

အားလုံးသော ချစ်ရသောType your summary here. ပြည်သူပြည်သူ များကို ကျနော် သားစိုးလေးမှထာဝရ ချစ်ခင်လျှက်ပါ
ကျနော်အခုလို ထောင်ထဲ မှာ အဆင်ပြေစွာ နေနိုင်ခဲ့တာဟာ ပြည်သူ တွေ ရဲ့ ပို့ သတဲ့ မတာတွေကြောင့်ပါ
Type the rest of your post here.

Tuesday, February 24, 2009

မြန်မာပြည်မှာ မီးတွေလောင်

မန်မာနိုင်ငံ၌ ရာသီဥတု ပူပြင်းသည့် နွေရာသီ နွေဦးပေါက်တွင် မီးလောင်မှုများ ဖြစ်ပွား၍ မီးဘေး အန္တရာယ်ကြောင့် နှစ်စဉ် နှစ်တိုင်း အိုးမဲ့အိမ်မဲ့များ အပါအ၀င် နစ်နာဆုံးရှုံးမှုများ ဖြစ်ကြရသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ ညနေပိုင်းက စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ရှိ ကျောက်အိုးရွာတွင် မီးလောင် ကျွမ်းမှု ကြောင့် လူပေါင်း ၆၄၉ ဦး အိုမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်ဟု ရွာခံတဦးကပြောသည်။

“လူကြီးတွေ အပြင်သွားနေတဲ့အချိန်၊ အိမ်မှာကျန်ခဲ့တဲ့ ကလေးတွေက ရှဥ့်ကြော်စားတာကနေ ညနေ၄နာရီ ကျော်မှာ မီးစလောင်တာပါ၊ နာရီဝက်ကျော်လောင်တာ၊ တရွာလုံးပြာကျသွားတာပဲ၊ ဘာပစ္စည်းမှကို မရလိုက် ဘူး”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ယင်း ကျောက်အိုးရွာတွင် အိမ်ခြေပေါင်း ၁၁၀ ရှိပြီး ၈၅ အိမ် လောင်းကျွမ်းသွားရာ ထိုအိမ်များမှာ ပျဉ်ထောင် သွပ်မိုးအိမ်၊ ထန်းလက်မိုးအိမ်၊ နွားတင်းကုတ်၊ နံကပ်တိုက် တို့ဖြစ်သည်ဟု ဆိုသည်။

ထိုအိုးမဲ့အိမ်မဲ့ဖြစ်သူများအား ရွာအနီးရှိဘုန်းကြီးကျောင်းတွင်ထားရှိပြီး ၎င်းတို့အတွက်အစားအစာနှင့် လိုအပ် သည်များကို ပတ်ဝန်းကျင်ရွာများက ကူညီကြကြောင်းလည်း သိရသည်။

“ရွာနားနီးချင်းကပဲ လိုအပ်တာတွေ စုလှူဒါန်းပါတယ်၊ ဆန်အိတ်၊ အဝတ်အထည်၊ ထမင်းထုပ် ဝေတာတို့ပေါ့၊ အာဏာပိုင်တွေကတော့ အနည်းအကျဉ်းပေးပါတယ်၊ စောင်နဲ့ အိုးခွက်တွေ ပေးတယ်” ဟုလည်း ယင်း ရွာခံ က ပြောသည်။

ဒေသခံ ရွာသားများသည် စားဝတ်နေရေးအတွက် ပဲအမျိုးမျိုးနှင့် ဂျုံတို့ကို စိုက်ပျိုးသည့် တောင်ယာလုပ်ငန်း လုပ်ကိုင်သူများဖြစ်ကြောင်းလည်း ဆိုသည်။

ယနေ့ နေ့လယ် ၁ နာရီခွဲကလည်း ရန်ကုန်မြို့ ဒေါပုံမြို့နယ်တွင် မီးလောင်မှု ဖြစ်ပွားကြောင်း ရန်ကုန် ဗဟို မီးသတ် ၏ ပြောဆိုချက်အရ သိရသည်။

“ဒေါပုံမြို့နယ်၊ နွယ်ရိုးရပ်ကွက်က ပေါ်ပြူလာ ပလတ်စတစ် စက်ရုံ လောင်တာ စက်ရုံတခုတည်းလောင်တာ
နေ့လယ် ၁ နာရီ ခွဲကနေ စလောင်တာ ၂ နာရီခွဲခါနီးမှ ငြိမ်းတယ်လို့ သိရတယ်၊ လူနေအိမ်လုံးဝ မပါဘူး၊ အခု ချိန်ထိ ဒဏ်ရာရသူမရှိသေးဘူးလို့ ကြားတယ်”ဟု ရန်ကုန်မြို့ခံ တဦး ကပြောသည်။

ယခုလလယ်ကထုတ်သည့် အစိုးရ မြန်မာ့အလင်း(အင်္ဂလိပ်)သတင်းစာတွင် လွန်ခဲ့သည့် ဇန်န၀ါရီလအတွင်း မီးလောင် မှုပေါင်း ၉၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း နှင့် ဆုံးရှုံး ပျက်စီးမှုကို ဖော်ပြမထားကြောင်း ဆင်ဟွာ သတင်း က ရေးသားထားသည်။

မီးလောင်မှုဖြစ်ပွားရာ၌ ၇၄ ကြိမ်မှာ မီးဖိုမီး ပေါ့ဆမီးကြောင့်ဖြစ်ပြီး ၁၄ ကြိမ်မှာ ၀ါယာရှော့ဖြစ်ရာမှဖြစ် ကြောင်း၊ ၆ ကြိမ်မှာ ရှို့မီးဖြစ်ပြီး တကြိမ်မှာ တောမီးကြောင့်နှင့် ကျန် တကြိမ်မှာ တခြားသောအကြောင်း ကြောင့် လောင်ကျွမ်းခြင်းဖြစ်ကြောင်းလည်း သတင်းတွင် ပါရှိသည်။

အစိုးရ တရားဝင် ထုတ်ပြန်ချက်အရ ၂၀၀၈ ခုနှစ်အတွင်း မီးလောင်မှုပေါင်း ၇၁၉ ကြိမ်ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် သေဆုံးသူ ၂၈ ဦး ရှိကာ ၅၂ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

အဆိုပါတနှစ်အတွင်း အိမ်ခြေပေါင်း ၅၀၀၀ ကျော်၊ စက်ရုံ အလုပ်ရုံ ၁၅ ရုံနှင့် ဂိုဒေါင်ပေါင်း ၃၀ မီးလောင် ပြာကျခဲ့ပြီး အိုးမဲ့အိမ်မဲ့ပေါင်း ၁၇၀၈၆ ဦး ဖြစ်ခဲ့ကြောင်းလည်း အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဓိက မီးလောင်ကျွမ်းမှုမှာ မီးဖိုမီးကြောင့် ဖြစ်သည်ဟုလည်း ဆိုသည်။

ယမန်နှစ်က မန္တလေးနှင့် မော်လမြိုင်တို့ရှိ ဈေး ၄ ခု မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၂၇၆၅ ခန်း ပျက်စီး ဆုံးရှုံးခဲ့ပြီး ဆိုင်ခန်းတွင်းရှိ မသယ်ယူနိုင်သည့် ပစ္စည်းများဆုံးရှုံးမှုတန်ဖိုး ၂.၉၃၂ ဘီလီယံ ကျပ် ကျော် ရှိခဲ့ကြောင်း ဖော်ပြပါ စာရင်းတွင်ပါရှိသည်။

၂၀၀၈ ခု နှစ် ဖေဖော်ဝါရီလအတွင်း မန္တလေး ရတနာပုံဈေး မီးလောင်မှုတွင် ဆိုင်ခန်းပေါင်း ၁၅၂၁ ခန်း ပျက်စီး ဆုံးရှုံးခဲ့ပြီး ဒီဇင်ဘာလအတွင်း မော်လမြိုင်ဈေးကြီး မီးလောင်မှုတွင် ဆိုင်ခန်းပေါင်း ၁၁၂၄ ခန်း ပျက်စီး ဆုံးရှုံးခဲ့ကြောင်းလည်း သိရသည်။

ယခုနောက်ဆုံး ဖေဖော်ဝါရီ ၉ ရက်နေ့က မန္တလေးမြို့သစ်တွင် ဆိုင်ကယ်ဓာတ်ဆီဖြည့်ရာမှ မီးလောင်မှု ကြောင့် အိမ်ခြေ ၃၂၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး အိုးမဲ့အိမ်မဲ့ ပေါင်း ၁၆၁၉ ဦးရေဖြစ်ခဲ့ရသည်။

ပြီးခဲ့သည့် အပတ်အတွင်းမှ စတင်၍ မြန်မာနိုင်ငံဘက်မှ စတင်လောင်ကျွမ်းသည့်တောမီးသည် အိမ်နီးချင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း ၂၀၀ ဟက်တာခန့် ဆက်လက်လောင်ကျွမ်းခဲ့ကြောင်း ဒေသအာဏာ ပိုင်များကို ကိုးကား၍ ဆင်ဟွာသတင်းတွင် ရေးသားဖော်ပြထားသည်။

ဧရာဝတီ

အပေါင်ဆိုင်များလည်း ရှုံးကြပြီ

ပည်တွင်း စီးပွားရေး ကြပ်တည်း ချိန်တွင် ငွေချေး၊ အတိုးယူပြီး အရှုံးမရှိ အလုပ်ဖြစ်ခဲ့သော အပေါင်ဆိုင် စီးပွားရေး လုပ်ငန်းများပါ စီးပွားပျက် အရှုံးပေါ်လာပြီ ဖြစ်ကြောင်း ရန်ကုန် အပေါင်ဆိုင်လုပ်ငန်းရှင်များက ပြောသည်။

[(ဓာတ်ပုံ - အောင်သက်ဝိုင်း)]

(ဓာတ်ပုံ - အောင်သက်ဝိုင်း)
ယခုကဲ့သို့ အပေါင်ဆိုင်များ အရှုံးပေါ်လာရခြင်းမှာ အပေါင်ခံ ပစ္စည်းများ ပြန်လည်ရွေးယူမှု နည်းပါးလာခြင်း၊ အပေါင်ဆုံးပစ္စည်းများ ၀ယ်ယူသူမရှိခြင်း၊ ပုံမှန်ငွေချေးငှားပြီး အပေါင်ခံပစ္စည်း ပြန်လည် ရွေးယူ ကြသည့် တနိုင်တပိုင် အိမ်တွင်း စီးပွားရေးလုပ်ငန်းများ ဖျက်သိမ်းသွားခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

အပေါင်ဆိုင်များ အဓိက အားထားလုပ်ကိုင်ကြသော ရွှေပေါင်ခံ၊ ငွေချေး လုပ်ငန်းများတွင် ရွှေဈေးမတည် မငြိမ်နှင့် ဆက်တိုက် ဈေးကျဆင်းခြင်းတို့ကြောင့် အပေါင်ဆိုင်များ အရှုံးပေါ်နေပြီး ရွှေဈေးမြင့်တက်ချိန်က အပေါင်လက်ခံခဲ့သော ရွှေများကို ရွှေဈေး ဆက်တိုက်ကျဆင်းချိန်တွင် ပြန်လည် မရွေးယူကြခြင်းကြောင့် အရှုံးပေါ်ခြင်း ဖြစ်ကြောင်း သင်္ဃန်းကျွန်း မြို့နယ်မှ အပေါင်ဆိုင်လုပ်ငန်း လုပ်ကိုင်သူတဦးက ရှင်းပြသည်။

“၂၀၀၈ စက်တင်ဘာက ၁၆ ပဲရည်တကျပ်သား ကျပ် ၅၅၀၀၀၀ ရှိတော့ တကျပ်သား လာပေါင်ရင် ၅၀၀၀၀၀ ပေးလိုက်တယ်။ ဒါပေမယ့် ရွှေဈေးက အောက်တိုဘာကနေ ကျလာလိုက်တာ နောက်ဆုံး ၄၉၀၀၀၀ စွန်းစွန်း လောက်ထိကျတော့ တက်ဈေးနဲ့ ပေါင်ထားတဲ့ သူတွေက လုံးဝ ပြန်မရွေးကြတော့ဘူး” ဟု သူကပြောသည်။

ရွှေအပေါင်ခံ ငွေချေးလုပ်ငန်းများသည် ရွှေပေါင်ခံသည့် အချိန်တွင် တကြိမ်၊ အပေါင်ဆုံး ရွှေများ ပြန်လည် ရောင်းချချိန်တွင် တကြိမ် ၂ ခါနာ အရှုံးပေါ်ကြရကြောင်း ကြားသိရသည်။

ရွှေအပေါင်ခံစဉ်က ၁၅ ပဲရည်တကျပ်သား ကျပ် ၅၀၀၀၀၀ ပေးထားသော်လည်း လာရွေးရမည့် အချိန်တွင် ရွှေဈေး ၄၉၀၀၀၀ ကျော်ထိဈေးကျနေရာ ရွေးမယ့်သူမှာ ချေးယူထားသည့် ငွေ ၅ သိန်းနှင့် အတိုး ၅ သိန်း ကျော်ပေးကာ ရွှေပြန်မရွေးတော့ဘဲ ၁၅ ပဲရည်တကျပ်သား ၄၉၀၀၀၀ နှင့် ရွှေထည်အသစ် လုပ်လိုက်ကြသဖြင့် ပထမအကြိမ် နစ်နာကြောင်းကို အပေါင်ဆိုင်တဆိုင်မှ တာဝန်ရှိသူတဦးက ရှင်းပြသည်။

ပြန်လည်ရွေးယူခြင်းမပြုဘဲ အဆုံးခံသွားသည့် ရွှေများကို အပေါင်ဆိုင်က ပြန်လည် ရောင်းချရာတွင် နောက်တကြိမ်ထပ်မံ အရှုံးပေါ်ရပြန်သည်။ အပေါင်ဆိုင် အများစုသည် အပေါင်ဆုံးရွှေများကို နှစ်ကာလ ရှည်ကြာစွာ စုဆောင်းထားပြီးမှ ပြန်လည်ရောင်းချလေ့ ရှိရာ ရွှေဈေးကျချိန်တွင် ငွေလိုအပ်၍ မဖြစ်မနေ ရောင်းချရသည့် အပေါင်ဆိုင်များမှာ အရှုံးအလွန်များသည်ဟု သူက ဆက်ပြောသည်။

“အပေါင်ဆုံး ရွှေတွေပြန်ရောင်းတော့ ကျဈေးနဲ့မိပြီး ထပ်ရှုံးတယ်။ ကျဈေးနဲ့ရောင်းရပေမယ့် ၀ယ်သူပါးတော့ အလွယ်တကူ ငွေပြန်မပေါ်ဘူး” ဟု ယခုကြုံတွေ့နေရသည့် အခြေအနေများနှင့် ပတ်သက်၍ အပေါင်ဆိုင် ပိုင်ရှင် တဦးက ပြောပြသည်။

၂၀၀၈ ခုနှစ်အောက်တိုဘာလအတွင်း ရွှေဈေးများ တည်ငြိမ်မှုမရှိသည့် အချိန်မှ စတင်ပြီး အပေါင်ဆိုင်များသည် လစဉ် အနည်းဆုံး ကျပ်သိန်း ၅၀ မှ အများဆုံး သိန်းရာဂဏန်းချီ၍ လုပ်ငန်းအကြီး အသေးအလိုက် အရှုံး ပေါ်ကြောင်း သိရသည်။

“သိန်း ၂၀၀၀ လောက် မတည်ထားတဲ့ အပေါင်ဆိုင်ဆိုရင် တလ သိန်း ၅၀ နဲ့ ၁၀၀ ကြားမှာ ရှုံးနိုင်တယ်။ ဒါက အပေါင်ဆုံး ရွှေလက်ထဲရှိတဲ့ ပမာဏပေါ်မူတည် ရှုံးတာ” ဟု သာကေတမြို့နယ် ၁ ဈေးကွေ့အနီး ချမ်းသာကြီး ၁
အပေါင်ဆိုင်နှင့် နီးစပ်သူတဦးက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စီးပွားရေး တနေ့ တခြားပိုမိုခက်ခဲလာရာ အသေးစား စီးပွားရေးလုပ်ငန်းများ ဖြစ်သည့် ဖိနပ်လုပ်ငန်း၊ သံပုံရိုက် လုပ်ငန်း၊ တွင်ခုံလုပ်ငန်းအပါအ၀င် တနိုင်တပိုင် လုပ်ငန်းများ ဖျက်သိမ်း လာကြခြင်း သည်လည်း အပေါင်ဆိုင်စီးပွားရေးကို ထိခိုက်စေကြောင်း သင်္ဃန်းကျွန်း မြို့နယ်မှ အပေါင်ဆိုင် ပိုင်ရှင်က ဆိုသည်။

“အိမ်တွင်းတနိုင်တပိုင် စီးပွားရေးလုပ်တဲ့ သူတွေက ငွေလိုရင် ရှိတဲ့ ရွှေပေါင်၊ ငွေပြန်ရတာနဲ့ ပြန်ရွေး ကြတယ်။ အခုတပိုင် တနိုင်အိမ်တွင်း စီးပွားရေး လုပ်ငန်းလေးတွေ ပြုတ်ကုန်တော့ အပေါင်ဆိုင်တွေပို ဒုက္ခရောက်တယ်” ဟု ၎င်းက ပြောဆိုသည်။

အပေါင်ဆိုင်များတွင် ဒုတိယအများဆုံး လက်ခံရသော အ၀တ်အထည် များမှာလည်း ပြန်လည်ရွေးယူမည့်သူ နည်းပါးပြီး အပေါင်ဆုံး အ၀တ်အထည်များ ပြန်လည်ရောင်းချသည့် ဈေးကွက်တွင် ၀ယ်ယူသူမရှိ ဖြစ်ကာ ဈေးကွက်ပျက်နေကြောင်း သတင်းရရှိသည်။

[(ဓာတ်ပုံ - အောင်သက်ဝိုင်း)]

(ဓာတ်ပုံ - အောင်သက်ဝိုင်း)
“အပေါင်ဆိုင်ဆိုတာက အပေါင်ခံမယ်၊ ရွေးရင် အတိုးယူမယ်၊ ဒီလိုပုံမျိုးနဲ့ လည်ပတ်ရတာ။ အခုတော့လာပေါင်ပြီး ပြန်မရွေးတာ များတဲ့အတွက် အပေါင်ဆိုင်တွေက ပစ္စည်းဝယ်တဲ့ ဆိုင်ဖြစ်နေတယ်။ ငွေကြေးလည်ပတ်မှုရပ်ပြီး စီးပွားရေးတွေ မကောင်းတော့ရင် အပေါင်ဆိုင်တွေလည်း ဘယ်လိုမှ ရပ်တည်လို့ မရနိုင်ဘူး” ဟု အပေါင်ဆိုင် လုပ်ငန်း ၁၀ နှစ်ကျော်အတွေ့အကြုံရှိသူ တရုတ်နွယ်ဖွား အမျိုးသမီး တဦးက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ရသော အပေါင်ဆိုင်များသည် တနှစ်တခါ စည်ပင်ထံ ဆိုင်လုပ်ငန်းလိုင်စင်အတွက် ငွေကြေး ပေးဆောင်ရလေ့ရှိပြီး ယခုနှစ်တွင် လိုင်စင် ကြေးများကို ထပ်မံတိုးမြှင့်မည်ဟု ကြားသိရကြောင်း သင်္ဃန်းကျွန်း စံပြဈေးအနီးရှိ အပေါင်ဆိုင် တခုမှ မန်နေဂျာတဦးက ပြောသည်။

“အပေါင်ဆိုင် ဖွင့်တဲ့ မြို့နယ်အလိုက် လုပ်ငန်းလိုင်စင်ကြေး သိန်းတရာကျော်အထိ ရှိတယ်။ သင်္ဃန်းကျွန်းမှာ ဆိုင်ဖွင့်ဖို့ဆိုရင် တနှစ်ကို လိုင်စင်ကြေး သိန်း ၁၁၀ ပေးရတယ်။ ဒီနှစ် လုပ်ငန်းလိုင်စင်ကြေးက ၁၂၆ သိန်းဖြစ်မယ်လို့ကြားတယ်” ဟု သူက ရှင်းပြသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ ၂၀၀၈ - ၂၀၀၉ ဘဏ္ဍာရေး နှစ်အတွင်း ရန်ကုန်တွင် ဖွင့်လှစ်ထားသည့် အပေါင်ဆိုင် အရေအတွက် ၂၅၆ ဆိုင်ရှိပြီး လာမည့် ၂၀၀၉ - ၂၀၁၀ ဘဏ္ဍရေးနှစ်တွင် အပေါင်ဆိုင် လိုင်စင်သစ်များ ထပ်မံချထားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ ကြားသိရသည်။

ရန်ကုန်တွင် ဖွင့်လှစ်ထားသည့် အပေါင်ဆိုင်များတွင် ရွှေပေါင်နှံ၊ ငွေချေးငှားပါက ငွေကျပ် ၁၀၀ လျှင် တလ အတိုးနှုန်း လေးကျပ်၊ အ၀တ်အထည် အပါအ၀င် တခြားပစ္စည်းများ ပေါင်နှံငွေချေးငှားပါက ငွေတရာလျှင်
တလအတိုးနှုန်း ၁၀ ကျပ် ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ

မြန်မာနိုင်ငံ၏ မူးယစ်ဆေးရောင်းရ၀င်ငွေ တနှစ် ကန်ဒေါ်လာ သန်း ၃၀၀၀ ထိရှိ

မူးယစ်ဆေး၊ ဘိန်းဖြူနှင့် မက်တာအဖက်တမင်း ရောင်းရ သည့် မြန်မာနိုင်ငံ၏ နှစ်စဉ်ဝင်ငွေမှာ အမေရိကန် ဒေါ်လာ သန်း (၁,၀၀၀) မှ သန်း (၂,၀၀၀) ကြားရှိကြောင်း အမေရိကန်သမ္မတ ဘွတ်ရှ် လက်ထက် အမေရိကန် ကွန်ဂရက်သို့ တင်သွင်းခဲ့သည့် အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါ အစီရင်ခံစာကို အမေရိကန် ကွန်ဂရက် နိုင်ငံခြားရေးရာ၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဌာနခွဲမှ ၂၀၀၈ ခု ဇွန်လတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

အမေရိကန်ဒေါ်လာ သန်း (၁,၀၀၀) မှ သန်း (၂,၀၀၀) ကြား ၀င်ငွေသည် မြန်မာနိုင်ငံ မူးယစ်ဆေး ရောင်းရငွေမှ နှစ်စဉ်ရငွေ ဒေါ်လာသန်း (၉၀၀) ကျော်ထိ ရှိနိုင်သည်ဟု ရန်ကုန် အမေရိကန်သံရုံးမှ ၁၉၉၀ ခုနှစ်များ အလယ်ပိုင်း မှန်းထားချက်ထက် ပိုများနေသည်ဟုပါ အစီရင်ခံစာ၌ သုံးသပ်ထားသည်။

၂၀၀၂ ခုနှစ်တွင် မက်တာအဖက်တမင်း စိတ်ကြွဆေး ရောင်းချမှုမှရသည့် ၀လူမျိုးများ၏ ၀င်ငွေမှာ အမေရိကန် ဒေါ်လာ သန်း (၃၀၀) ခန့်ရှိမည်ဟု မှန်းထားပြီး အဆိုပါနှစ်တွင် ဘိန်းဖြူမှောင်ခို ရောင်းချမှုမှ ရငွေမှာ ကန်ဒေါ်လာ သန်း (၂၅၀) မှ သန်း (၃၀၀) ထိရှိနိုင်သည်ဟု မှန်းထားသည်။

၂၀၀၁ ခုနှစ်တွင် မြန်မာစစ်ထောက်လှမ်းရေး အရာရှိများနှင့် ၀ခေါင်းဆောင်များကြား သဘောတူညီချက်တွင် မူးယစ်ဆေးရောင်းချမှု၏ အမြတ် (၅၀) ရာနှုန်းကို မြန်မာစစ်တပ်အား ပေးရမည်ဆိုသည့် သဘောတူညီချက် ပါဝင်သည်ဟု ထောက်ပြထားသည်။

မူးယစ်ဆေး မှောင်ခိုရောင်းချသူ အများစုမှာ ထိုင်းမြန်မာနယ်စပ်နှင့် ထိုင်းတရုတ်နယ်စပ်မှ ၀၊ ရှမ်းစသည့် တိုင်းရင်းသားအုပ်စုများနှင့် ဆက်စပ်နေသည်။ သို့သော် မြန်မာစစ်အစိုးရ၏ အဆင့်များစွာမှ အရာရှိများသည်လည်း အဆိုပါ မူးယစ်ဆေးရောင်းရငွေ ရှယ်ယာများ နည်းအမျိုးမျိုးဖြင့် ရနေကြသည်။ စစ်တိုင်းမှူးများဆိုလျင် မူးယစ်ဆေးရောင်းသူများထံမှ အစိုးရ အခွန်များများ ကောက်ခံကြသလို မူးယစ်ဆေးမှောင်ခိုမှုကို စစ်တပ်မှ အကာအကွယ်ပေးမှု၊ စစ်တပ်က သယ်ပေးမှု စသည်တို့အတွက် အခကြေးငွေ ကောက်ယူကြသည်ဟု ဖော်ပြထားသည်။

သို့သော် မြန်မာစစ်အစိုးရ ထိပ်ပိုင်းအရာရှိများ မူးယစ်ဆေးရောင်းဝယ်မှု၌ တိုက်ရိုက်ပါဝင် ပတ်သက်ကြောင်း ခိုင်လုံသည့် သက်သေမရှိဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ မူးယစ်ဆေး အစီရင်ခံစာ၌ ဖော်ပြထားသည်။ မြန်မာစစ်တပ်သည် အထူးသဖြင့် မူးယစ်ဆေး ထုတ်လုပ်သူ မူးယစ်ဆေး မှောင်ခိုရောင်းချသူ ၀တိုင်းရင်းသားများအပါအ၀င် ၀လူမျိုးများနှင့် အနီးကပ် ဆက်ဆံမှုရှိသည်။

ခေတ်ပြိုင်

မလေးရှား အထည်ချုပ် မြန်မာအလုပ်သမားများ အလုပ်ရှင်ကြောင့် ပုန်းနေရဆဲ

မလေးရှားလုပ်ငန်းရှင်၏ ဖိနှိပ်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့်အတွက် မြန်မာအထည်ချုပ် အလုပ်သမ (၁၅) ဦးနှင့် လုပ်သား (၁) ဦးတို့၏ ရှေ့ရေးမှာ ယခုအခါ သောင်မတင် ရေမကျ ဖြစ်နေသည်။

မလေးရှားလုပ်ငန်းရှင်၏ ဖိနှိပ်မှုများကြောင့် မြန်မာအလုပ်သမား အခွင့်အရေး အကာကွယ်ပေးရေး ကော်မတီ (BWRPC) သို့ ထွက်ပြေးလာခဲ့ကြပြီး ထွက်ပြေးရာအထိ လုပ်ငန်းရှင်က လိုက်လံအနိုင်ကျင့် ရိုက်နှက်မှုကြောင့် လုံခြုံရာသို့ ရွေ့ပြောင်း ခိုလှုံနေရသော မြန်မာအထည်ချုပ် အလုပ်သမများအား မြန်မာသံရုံးက လိုက်လံ ဆက်သွယ်နေသည်ဟု သတင်းများပေါ်ထွက်နေသည်။ မလေးရှားနိုင်ငံ မြန်မာသံရုံးသို့ ယင်းကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိခဲ့ပေ။

သို့သော် မြန်မာအထည်ချုပ် အမျိုးသမီးများက ၄င်းတို့ထံ တိုက်ရိုက်ဆက်သွယ်မှု မရှိသေးကြောင်းနှင့် ၄င်းတို့ ထွက်ခွာစဉ်က ကုန်ကျခဲ့သောငွေ ပြန်လည်ရရှိသည်အထိ နေထိုင်လုပ်ကိုင်လိုကြကြောင်း အထည်ချုပ် အမျိုးသမီးတဦးက ပြောသည်။

မြန်မာအလုပ်သမား အခွင့်အရေး ကာကွယ်ပေးရေးကော်မတီ (BWRPC) မှ ကိုရဲမင်းထွန်းက လွန်ခဲ့သော သောကြာနေ့တွင် မြန်မာသံရုံးမှ ကိုမိုးဆိုသူက (BWRPC) ရုံးအနီးရှိ လ္ဘက်ရည်ဆိုင်မှ တဆင့် လာရောက် တွေ့ဆုံရန် ခေါ်ဆိုခဲ့ကြောင်း၊ မြန်မာအထည်ချုပ် အမျိုးသမီးများသည် ၄င်းတို့ရုံးတွင် မရှိတော့ဘဲ Tenaganida ခေါ် အမျိုးသမီး အန်ဂျီအို အဖွဲ့တခုက စီစဉ်ပေးထားသည့် လုံခြုံရာတွင် ရောက်ရှိနေပြီဖြစ်ကြောင်း ပြောသည်။

“သူ့ကိုသူ ကိုမိုးဆိုပြီး မိတ်ဆက်တယ်ဗျာ။ မြန်မာသံရုံးကတဲ့။ သူက မလေးရဲစခန်းတွေ၊ ဆေးရုံတွေလိုက်သွားပြီး ဒီလူတွေက သူတို့နဲ့ ဆိုင်တဲ့အကြောင်း ပြောတယ်။ ကျနော်တို့က မပေးရင် ကျနော်တို့ကပဲ ညစ်တာလိုလို ဘာလိုလို သံရုံးက ပြောနေတယ်ဗျာ။ တကယ်ဆို သူတို့ကို အကြောင်းကြားတုန်းကတော့ ဘာမှလုပ်မပေးခဲ့လို့ ကျနော်တို့ကို ဆက်သွယ်လာတာဗျာ။ ကျနော်တို့ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့နဲ့ ထည့်ပေးလိုက်ရင် ကျနော်တို့က ၀န်တောင် ပေါ့သွားသေးတယ်ဗျာ။ ခေါင်းခြောက်သက်သာတယ်ဗျာ။ ကျနော်တို့တောင် ကံမကောင်းတော့ အရိုက်ခံရ အနှက်ခံရဖြစ်နေတဲ့ အချိန်ကြီးမှာ ဒါမျိုးတွေမဖြစ်ချင်ဘူး။ ကျနော်တို့က ကာယကံရှင်တွေရဲ့ ဆန္ဒအတိုင်းလုပ်ရတာ။ ခက်နေတာက ကာယကံရှင်တွေက မလိုက်ချင်ကြတာ။ သူတို့ မလိုက်ချင်တာကလည်း (၁) အချက် မြန်မာပြည် ပြန်ပို့ခံရမယ်တဲ့။ ပြန်ပို့ရင် သူတို့ ထွက်လာတဲ့ ငွေလေးတွေ ဆုံးရှုံးမယ်တဲ့။ (၂) အချက် သူတို့အမှုက ဟိုးလေးတကျော် ဖြစ်သွားတော့ မြန်မာပြည် ပြန်ရောက်ရင် သူတို့ အရေးယူ ခံရမလားတဲ့။ အဲဒါတော့ ကျနော်တို့လည်း မပြောပြတတ်ဘူး”ဟု ကိုရဲမင်းထွန်းက ရှင်းလင်း ပြောဆိုသည်။

အဆိုပါ အမျိုးသမီးများ မလေးရှားတွင် ဆက်နေထိုင်ပါက ဥပဒေအရ သက်တမ်းလွန်နေထိုင်မှု (over stay) ဖြစ်သွားမည်ဖြစ်ကြောင်း၊ သို့သော် ယင်းကိစ္စကို ဆောင်ရွက်ပေးနေသော အန်ဂျီအိုက အလုပ်ရှင် Mr.Kumar အနေဖြင့် ကိုယ်ထိလက်ရောက် ရိုက်နှက်မှုများ ရှိထားခြင်းကြောင့် အမျိုးသမီးများ၏ နေထိုင်ခွင့် သက်တမ်း ထပ်တိုးပေးခြင်း၊ ညှိနှိုင်းပေးခြင်းများ ရှိလာရမည်ဟု မျှော်လင့်ထားကြောင်း ကိုရဲမင်းထွန်းကပြောသည်။

မြန်မာအထည်ချုပ် အမျိုးသမီးများအား မလေးလုပ်ငန်းရှင် Mr.Kumar ကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက် အင်တာဗျူးပြီး ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ညှိနှိုင်းစဉ်က မနက် (၈) နာရီမှ ညနေ (၅) နာရီအထိ အလုပ်ဆင်းချိန် သတ်မှတ်ကာ လစာ ရင်းဂစ် (၇၅၀) နှုန်း သတ်မှတ်ခဲ့ကြကြောင်း၊ အချိန်ပိုပေး သီးသန့်ထပ်ပေးရမည်ဟု ညှိနှိုင်းခဲ့ကြကြောင်း အမျိုးသမီးတဦးက ပြောသည်။ သို့သော် အလုပ်ဆင်းချိန်တွင် အချိန်ပိုကြေး မပေးခဲ့ကြောင်း ၊ ယင်းကိစ္စကို ပြောဆိုရာတွင် မြန်မာ အမျိုးသမီးများအား အပြင်ထွက်ခွင့်၊ ဖုန်းကိုင်ဆောင်ခွင့်များကိုပါ ပိတ်ပင်ခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။

မြန်မာအထည်ချုပ် အလုပ်သမ (၈) ဦးသည် ၂၀၀၈ ခုနှစ် သြဂုတ်လ (၃၀) ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာ ခဲ့ကြပြီး စက်တင်ဘာ (၁) ရက်တွင် စတင် အလုပ်ဆင်းခဲ့ကြကာ နောက် (၄) လကျော်တွင် နောက်ထပ် (၈) ဦး ထပ်မံ ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။ ၄င်းတို့သည် ယင်းအလုပ်အကိုင်အတွက် ငွေကျပ် (၁၁) သိန်းဝန်းကျင် အကုန်အကျ ခံခဲ့ကြရခြင်းဖြစ်ကြောင်း အမျိုးသမီးတဦးက ပြောသည်။

ထို့နောက် မြန်မာအလုပ်သမား အခွင့်အရေး ကာကွယ်ပေးရေးကော်မတီ (BWRPC) သို့ ထွက်ပြေးလာခဲ့ကြရာ အလုပ်ရှင်က စေလွှတ်လိုက်သော လူများက ဖေဖော်ဝါရီ (၁၄) ရက်တွင် (BWRPC) ရုံးအထိ လာရောက် ရိုက်နှက်ခဲ့သောကြောင့် (BWRPC) အဖွဲ့ဝင်များနှင့် ကိုဖြိုးဆိုသူ လုပ်သားတဦးတို့ ရိုက်နှက်ခံခဲ့ကြရကာ ကိုဖြိုးကို အတွင်းလူနာအဖြစ် ဆေးရုံသို့ တင်ပို့ခဲ့ကြရသည်။

မြန်မာအလုပ်သမများက အလုပ်ရှင်က အချိန်ပိုကြေး မပေးသည့်အကြောင်း မြန်မာသံရုံးသို့ ဦးစွာတင်ပြခဲ့ သော်လည်း မြန်မာသံရုံး ၀န်ထမ်းတဦးက မင့်တို့ကို ငါတို့ခေါ်ထားတာမှ မဟုတ်တာဟု ပြန်လည်ပြောဆို ခဲ့ကြောင်း အလုပ်သမတဦးက ပြောသည်။

“သမီးတို့ကတော့ မြန်မာသံရုံးက ဘယ်လို ဆောင်ရွက်ပေးမယ်ဆိုတာ သိမထားရသေးတော့ သူတို့ကို ဘာမှပြောလို့တော့ မရသေးဘူးပေါ့နော်။ အခုလက်ရှိမှာတော့ ကျမတို့ ကိုရဲမင်းထွန်းတို့ကို ထပ်ပြီး အကူအညီတောင်းထားတယ်။ မြန်မာပြည်က လာရတဲ့ သမီးတို့မှာ အခက်အခဲတွေ အရမ်းရှိပါတယ်ရှင့်။ ဘယ်လို အခက်အခဲတွေရှိလဲဆိုတော့ အိမ်တွေ ၊ ခြံတွေကို ပေါင်နှံပြီးတော့ မလေးရှားကို လိုက်လာခဲ့တာပေါ့နော်။ ဒီလိုအချိန် မှာ ချက်ချင်းပြန်သွားရင် မိဘတွေလည်း စိတ်ဆင်းရဲရမယ်။ သမီးတို့မှာရှိတဲ့ အိမ်တွေခြံတွေလည်း ရောင်းပြီး သူများကိုထိုးပေးရမယ်။ သမီးတို့ ကိုယ့် အကြွေးလေးရရင်တော့ ပြန်မယ်ပေါ့နော်။ အဲဒီအချိန် လောက်ထိတော့ လုပ်ချင်ပါသေးတယ်။ အခုနေရတဲ့ နေရာမှာတော့ နေထိုင်စားသောက်ရေး အဆင်ပြေပါတယ်” ဟု အမျိုးသမီးတဦးက ပြောသည်။

ခေတ်ပြိုင်