သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, February 15, 2009

ဂုဏ်ပြုခြင်း

သွေးနဲ့ရေးတဲ့စာ
ဘယ်သူမြင်နိုင်မလဲ
သတ္တိမရှိပဲလုပ် တဲ့
အလုပ်ဘယ်လိုအောင်မလဲ

ငါသားမြေး
ငါ့ပထွေးကို
အဖေမခေါ်နိုင်ဘူး
လွတ်လပ်မှုအတွက်တိုကပွဲဝင်
ငါ့ကိုကျွေးလဲ ငါခံမြဲ


လေးစားစွာ ငါသူငယ်ချင်းများ

Saturday, February 14, 2009

အကယ်၍

အကယ်၍
မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့  ၀ိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ ခေါင်းအေးအေးနဲ့  ရင်ဆိုင်နိုင်မယ်ဆိုရင်...............................

အကယ်၍

အားလုံးက မင်းကိုမယုံသင်္ကာ ဖြစ်လာတဲ့အခါ
သူတို့ က နားလည်စွာခွင့်လွှတ်ရင်းနဲ့  မင်းကိုမင်း
ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင်...........

အကယ်၍

စောင့်သင့်တဲ့ အချိန်ကိုစောင့်ပြီး
အဲ့ဒါအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်..............
ဒါမှမဟုတ်
မင်းရဲ့ အကြောင်း မဟုတ်တရား မုသားစကားကြားရ
တဲ့အခါ မင်းကလည်း အလိမ်အညာတွေနဲ့  မတုန့် ပြန်ဘူးဆိုရင်.........
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန့် မပွားဘူးဆိုရင်........
ပြီးတော့
မင်းကိုမင်း လူတော်တယောက်ရယ်လို့  မမြင်ဘဲ
ပညာရှိစကားတွေကိုလည်း မလွန်ဆန်ဘူးဆိုရင်..........
အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ မင်းအပေါ်လွှမ်းမိုး
စေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်............
ပြီးတော့
အတွေးအခေါ်စိတ်ကူးတွေဟာ မျှော်မှန်းချက်
သက်သက်သာမဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်..................
အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ ရတဲ့
အခါ တူညီသော လောကဓံတရားတွေပါ လားရယ်လို့ 
ခံယူထားနိုင်မယ်ဆိုရင်................
အကယ်၍
မင်းရဲ့ အမှန်စကားတွေကို လူလိမ်လူညာတွေက
လှည့်စားပြောင်းလဲပြီးမု သားအဖြစ် ထောင်ချောက်ဆင်
ညစ်တဲ့အခါ မင်းဟာ တည်ငြိမ်စွာနဲ့  နာကြားနိုင်မယ်ဆိုရင်..................
ဒါမှမဟုတ်
မင်းဘ၀တခု လုံးပေးပြီး အရိပ်တကြည့်ကြည့်နဲ့ 
ဖြည့်ဆည်းခဲ့ရတဲ့အရာရာကို ဖျက်ဆီးခံလိုက်ရပြီး
တဲ့နောက်မှာ အင်မတန်မှ သေးငယ်လှတဲ့
တန်ဆာပလာအရာရာနဲ့  ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်....................
အကယ်၍
မင်းနိုင်ခဲ့သမျှ တွေအားလုံးဟာ ကြွေတလက်
ကြက်တုန်ပမာ တလှည့်တခါတည်းနဲ့  ဆုံးရှုံးသွားခဲ့ရင်............
ပြီးတော့
အစကနေပြန်စနိုင်မယ်ဆိုရင်
ညည်းညူမနေဘူးဆိုရင်.............
အကယ်၍
သူများတကာလုပ်ပြီးသွားကြလို့  အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်တဲ့အခါ မင်းတယောက်တည်းနဲ့ ပဲ
အားနဲ့ မာန်နဲ့  ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင်...........
အဲဒီလိုပဲ
မင်းမှာစိတ်အားကလွဲလို့  ဘာဆိုဘာမှမရှိတော့တဲ့အခါ
အဲဒီစိတ်အားကို ခိုင်မာစွာနဲ့ ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်....................

အကယ်၍
လူတွေနဲ့  ထိတွေ့ ပြောဆိုဆက်ဆံတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်......
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့  အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်.................

အကယ်၍
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီး နားကျည်းအောင် မလုပ်နိုင်စေရင်.............
အကယ်၍
လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့် စွဲလမ်းမှု
သံယောဇဉ်တွေ ထားမနေဘူးဆိုရင်..................
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနှစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့် ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်........
ငါ့သားရေ
မင်းဟာအရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို
ဆုပ်ကိုင်လို့ အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲ့ဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပေါ့...............။
(ဒေါ်အောင်ဆန်းစုကြည်ဘာသာပြန်ထားသည်)

Wednesday, February 11, 2009

ထာဝရကြယ်

ရေဆန်မြစ်ထဲ
တောက်ပဆဲ
ကြယ်ကြွေလွယ်ခဲ့လည်း၊


တော်လှန်အသည်း
ပြည့်ရင်ထဲဝယ်
ဝေမယ်အမြဲ။

(ဆရာ မန်းရှာ သို့မဟုတ် စာရေးဆရာ ရေဆန်သို့ …)
(ဒေါင်းအိုးဝေမဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၅)
http://mahn-sha.blogspot.com/

ကြောက်စိတ်ဖြောက်ထားင့ါချစ်သားတို့

ဆွေးနေခဲ့တော့
ပြေးမတွေ့နိုင်လို့
ပင်လယ်ပြင်က
မုန်းတိုင်းပါလား..............

မိုးရွာချိန်က
အမေရင်ခိုမှာ
နားခိုခဲ့ရ
မိုးတွေကြားထဲ
ပြေးလွှားခဲ့သော
ငါတို့ရဲဘော်

ကိုင်မြဲသော အလံ
မချစတေးဟု
သံတူရွတ်စို
စတင်ဘာတဲ့လား....................

သွေးတွေပေခဲ့
ငါ့ဖြူစဉ်အင်္ကျီ
စစ်ဗိုလ်လူးတို့
အမြတ်ထုတ်ဖို့
နာဂစ်တစ်ခုပေါ်ခဲ့သလား........................

၂၀၁၀ ပန်းတိုင်ဝင်ဖို့
သူတို့လုပ်ခဲ့ပြီ............

ကြောက်စိတ်ဖြောက်ထား
ငါ့ချစ်သားတို့.......................

(mission အဖွဲ့ဝင်တစ်ဦး)

လေထံခွန်

လွပ်လပ်မှုဆီ
ကိုယ့်ကိုကိုယ် ကြိုးဆုံး လွှတ်တင်
တိမ်တွေကို ကျီစယ်ချင်တာကလွဲရင်
မှန်စာတိုက်မထားဘူး
ကြိုးချင်း ပူးကပ်
မျှင်းဖြတ်ဖို့ စိန်မခေါ်ဘူး။

အတူတူပဲလေ။
ရှင်သန်ခြင်းတရားဟာ
တို့အတွက်
အပ်ချည်တစ်မျှင်စာ။ ။

ခန့်သီမောင်

လိုအပ်ပြီ……………

လိုအပ်ပြီ……………

အပြစ်တွေနဲ့
စစ်တွေဖြစ်နေရင်
အချစ်တွေနဲ့ပြယ်ဖြတ်..

သေပွဲအတွက်
ရှင်သူတွေတိုက်ကြ

အခွင့်အရေးအတွက်.
ပေးစပ်မဲ့သူတွေလုပ်ဖို့……….

အမုန်းအချစ်တွေနဲ့
အာဏာတွေမက်မနေနဲ့
ခတ်မြန်မြန်လုပ်ဖို့
လိုနေရင်
သွတ်သွတ်ညီညီ
တို့ပြည်သူအတွက် ရှေ့သို့ချီစို့……………
ပင်ပျိုရွက်နုနှင့် ၂၀၁၀
ပွင့်ချိန်တန်ပွင့် သီးချိန်တန်သီး
ပွင့်ချိန်ရောက်ခိုက်
ရဲဝံ့ထွက်လာ
မှားမှန်ခွဲခြား စိတ်ဖြာစို့၊

သီးချိန်တန်သီး
မနှေးတန်းပဲ ရှေ့ကဦးဆောင်
ညီညာထွက်ကာ စွမ်းဆောင်စို့။

ချိန်တန်ပြီမို့
မတွန့်မဆုတ်လူငယ်ပီပီ
ကိုယ်သိစိတ်နှင့် ဘေးလူဆွဲခေးတူယဉ်တွဲလို့
၂၀၁၀ ရွှေးကောက်ပွဲအား
တခဲနဲ့ ကန့်ကွက်ပါစို့.။

(mission အဖွဲ့ဝင်တစ်ဦးမှရေးသားသည်)

သံချပ်ညီညီ ရှေ့သို့ချီ

အချိန်နှင့်ဒီရေ လူကိုမစောင့်
တို့များသာလျှင်ရောက်လာမည့်ချိန်
ကောင်းကျိုးဆိုးကြုံ
ရင်တမမ
တမျော်တခေါ်
စောင့်မျှော်ကြသည်။

ရောက်လာမည့်ကျိုးတွေးမကြောက်ပဲ
ခြေလှမ်းတူညီ သံစုံညီဖြင့်
ရဲရဲရင်ဆိုင် ပြေးတွေ့ကြစို့
လူငယ်များတို့။

ရေငုံနူတ်ပိတ် ငြိမ်မနေပဲ
ရင်ထဲခံစား ဝေဒနာအား
ဖွင့်ဟဆွေးနွေး မျှဝေပေးလျှင်
သင်နှင့်တူသော ခံစားချက်မျိုး
သင့်ဘေးမှာလျှင် ပုံနေလိမ့်မည်။

တသွေးတသံ
ရဲရဲနီတဲ့ တို့များသွေးတွေ
လက်တွဲပူးပေါင်း
သန္ဓေမမှန်၂၀၁၀
ဒီရွေးကောက်ပွဲကို
သံချပ်ညီညီရှေ့သို့ချီကာ
တို့တွေ တွန်းလှန်
တိုက်ပွဲဝင်စို့။


(mission အဖွဲ့ဝင်တစ်ဦးမှရေးသားသည်)

Sunday, February 8, 2009

ပင်လယ်ပေါ်ကသွေးတစ်စက်

ရဲရဲနီတဲ့
ဒိုအလံ
ပင်လယ်ပေါ်ကျ
သွေးသားတွေက
ပျောက်ကွယ်သေးဘူး......

၈၈၈၈ရဲ့ သွေးသောက်တွေ
၆၅ဆီရောက်လို့နေ
၀၇ ကလဲ ၂၀ပဲပေါ့..
ပြေးလွှားနေတဲ့ သံဃာတော်....
မေတ္တာဓါတ်ဖြင့်
တိုက်ပွဲဝင်

g 3 m16 ရောက်ရတ်
ခတ်လို့နေ.
ကြောက်စိတ်မရှိတဲ့
ဇာနည်ဖွား
ငါတို့ခေါင်းဆောင်လား..............

ရာစုနှစ်တွေကျော်ခဲ့ပြီ
ခေတ်စိုးကတော့မပြောက်သေး
ထောင်တံခါးဝကမိုးသောက်ကြယ်

နေ၀င်မိုးလင်း
မသိသေးသေးပဲ
ခွေးစကုတ်မှာ............
ပြောက်ကွယ်ခဲ့ရ

ကဗျာဆရာလဲ
ဆေးလိပ်တိုတောင်မကျန်
ရေစွတ်စာဖတ်နေရ..........

ငါတို့ဘ၀က သေရင်တောင်
မသိခဲ့ပါလာ....................


Friday, February 6, 2009

မကြွေသင့်ပဲကြွေခဲ့သောကြယ်


လောကလူသားအတွက်
အလင်းရောင်တွေ
ပေးတဲ့ကြယ်
ဘာကြောင့်
ကြွေခဲ့တာလဲ.................

မသမာသူရဲ
လုတ်ကြံ ခံရသော
အဖိုးတန်ကြယ်လေး..........

ဒီကြယ်လေးမှရှိတော့
မြောက်အရပ်ကို
ဘယ်လို ကြည့်ရမလဲ....

အဖိုးတန်ကြယ်လေး
ကောင်းရာမွန်ရာ
ရောက်ပါစေ
စုချွေတောင်းလိုက်ပါတယ်.............

ဖေဖေါ်ဝါရီ 14 တွင်ကျဆုံးသွားသော
အာဇာနည်ခေါင်းဆောင်တစ်ဦးအား..............ကျနော်သားစိုးမှ မမေ့မပြောက်တင်ထားခြင်းဖြစ်ပါတယ်လေ........
သားစိုးတော်လှန်ရေးသမားတွေထဲမှာ အလေးအစားဆုံးသူဖြစ်ပါတယ်လေ............
ကရင်နှင့် မဟာမိတ်တပ်များပေါင်းစည်းရေးအတွက် အများဆုံးပြုလုပ်ခဲ့ဘူးသူပါ............
ကျနော်တို့ ယမန်နှစ်က ဖေဖေါ်ဝါရီ 14 ရက်နေ့ လည် (3 နာရီကျော်တွင်) မသမာ သူ များရဲ့ လုပ်ကြံမှုကြောင့်သေဆုံးသွားခဲ့ရတာပါ....... ကျဆုံးသော ကျနော်တို့ ရဲ့
တော်လှန်ရေးခေါင်းဆောင်အား ကျနော် ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး.........
သူများတွေက တော့ ဖေဖေါ်ဝါရီ 14 မှာအရမ်းပျော်နေမှာ ပါ.........ကျနော့်အတွက်ကတော့ ပျော်နိုင်မယ်လို့ ထင်ပါတယ်လေ.............ဒါပေမဲ့ သူ့ကိုတော့မေ့မှာမဟုတ်ပါဘူး........ကျနော့်ဘလော့သို့ဝင်ရောက်လာလည်သော မိတ်ဆွေများသည်လဲ မမေ့ပါနှင့်ပြောကြားလိုပါတယ်
အပေါ်က ကဗျာလေးသည် မနှစ်က (15 ရက်နေ့တွင်ရေးဖြစ်ခဲ့တာပါ)

Saturday, January 24, 2009

စစ်အာဏာရှင်စနစ်တိုက်ဖြတ်ဖို့ငါတို့တာဝန်မှတ်ယူစို့

ငါတို့ တတွေတိုက်ကြတယ်
ခိုက်ကြတယ်
လွတ်လပ်ရေးအတွက်
အသက်တွေလဲပါတယ်လေ
မျက်ရည်စတွေကတော့
ပင်လယ်ထဲမှာပေါ့

၆၂ ကစတဲ့ အလံ
အခုထိကိုင်ဆွဲတုန်း
အလံတွေနဲ့
သွေတွေ
တွဲနေတာ ပြည်သူအသိ

စစ်အာဏာရှင်စနစ်
တိုက်ဖြတ်ဖို့
ငါတို့တာဝန်မှတ်ယူစို့

Monday, January 12, 2009

အပိုင်းအစများ

ဒီတိုင်းပြည်ရဲ့ လွတ်လပ်မှုက
ရဲဘော်သုံးကျိပ်နဲ့စတယ်
မိုငထောင်ချီခရီးက
ခြေတလှမ်းကစတယ်
ဆာဗီးယား တော်လှန်ရေးက
လူ ၇ ယောက်နဲ့စတယ်
ငါတို့ရဲ့ တော်လှန်းရေးက
ဖိနှိပ်မှုတွေကစတယ်
ဆင်းရဲမှုတွေ ဖြစ်ရခြင်းက
အုပ်ချုပ်ရေးညံ့သူတွေကစတယ်
ရက်စပ်စွာနှိမ်နှင်းမှုတွေက
အာဏာမက်မောမှုကစ
ပညာမဲ့ လူတန်းစားဖြစ်ရခြင်းက
ဝင်ငွေမလောက်ငမှုကစတယ်
လွတ်လပ်ခြင်း အရသာက
မလွတ်လပ်ခြင်းအရသာက စတယ်
သူရဲကောင်း တွေရဲ့မိခင်မျက်ရည်ကျတာက
ထောင်ဝင်စာ ၀င်တွေ့ချိန်မှစတယ်...................

(နေမ၀င်ခင်ထမင်းချက်ကြစို့)
နေကျော်လင်း

Saturday, January 3, 2009

ပိတ်လေးပိတ်

ဒီလူတွေက ပြည်သူတွေကို
မျက်လုံးတွေ
နားတွေလည်းပိတ်မယ်
ညဉ်းနက်မီးမှိတ်
အိမ်တံခါးတွေပိတ်ချိန်မှာ
ဝိုင်းကြီးချုပ်ပိတ်
တော်လှန်ရေးလုပ်သူတွေကို
တိတ်တဆိတ် ခေါ်သွားတက်တယ်
ဒီလူတွေက အရာရာနုတ်ပိတ်
မသင်္ကာစိတ်တွေနဲ့
လူတကာရဲ့ ပါးစပ်ပေါက်ကို
ပိတ်ဖို့ ချောင်းနေတာ
ပြည်သူတွေရဲ့ သပိတ်တွေကြောင့်
ဒီလူတွေရဲ့ စိတ်တွေတောရောက်တောင်ရောက်နဲ့
အတိတ်က ရာဇ၀တ်ပြစ်ချက်တွေဟာ
အ၀ီစိတံခါး
ပိတ်သွားဖို့တောင် မရှိတော့ဘူး.................

လွတ်လပ်ရေးနေ့အတွက်အမှတ်တရ

Monday, December 15, 2008

အို........မြန်မာ

အို....... မြစ်မင်းဧရာ
စီးဆင်းဖြာသည်
တောင်မြောက်သွယ်တန်း
လျှောက်သောလမ်းမှာအကွေ့လည်းရှိအကောက်လည်းရှိ၏


အို...... တို့ပြည်တို့ရွာ
ပြည်မြန်မာမှာ
လွတ်လပ်ဖို့မှန်း
လျှောက်သော်လမ်းမှာ
သေခြင်းလည်းရှိ
တိုက်ပွဲရှိ၏
အိုး... တို့ရဲ့မြန်မာ
လူမျိုးဆီမှာ
ဖော်ရွေအပြုံး
အမြဲသုံးသည်
ထွန်းလင်ပြောင်စွာ
သာသနာမှာ
သည်းခံစိတ်ရှိ
တရားလည်းရှိ၏

အို....အုပ်ချုပ်သောသူ
ဖီနှိပ်ပြုလည်း
စိတ်ဝယ်မကြောက်
တိုး၍လျှောက်မည်
သွေးကွက်လည်းရှိ
အမျိုးအတွက်လဲရှိ၏..........

အမျိုးသားရေးစိတ်နိုးထကြလော့

ထလော့....မြန်မာ
တစ်ထောင်ကိုးရာ
လေးဆယ်ရှစ်အစ
ခြောက်ဆယ်နှစ် အလည်


၈၈ အဆုံး
တတိုင်းပြည်လုံး
ထကြွတော်လှန်
တကယ်ဧကန်
စစ်မင်းဆက်
ပြုတ်ကျမည်အမှန်
ရုသော ...မြန်မာ
ပလီပလာ
ကိုးဆယ်တစ်မှာ
ညဏ်နီညဏ်နက်
သူတို့သုံးလျှက်
ရွေးကောက်ပွဲနိုင်
မပေးနိုင်ဟု
ပလိန်စေ့ညဏ်
ဆင်ကြံကြံလို့
တော်လှန်သူ မှန်
ထောင်နန်းတွေစံ
ခဲ့ရပေါ့
ကြည့်လော.........မြန်မာ
ဒီစက်တင်ဘာ
ရှက်စရာဟု
သူတို့မထင်
ဆိုးရုပ်ထင်သည်
ငါ့တို့ပြည်သားမဟုတ်
ဂျပန်သတင်းထောက်
သတ်ဖြတ်ခဲ့လေ
ရဟန်းကိုလဲ
အလွတ်မပေးခဲ့လေ
ရုက်စရာဟုသူတို့မထင်
ငါတို့မြန်မာ
တိုင်းပြည်ရွာဟာ
အမျိုးဘာသာ
သာသနာချစ်
လူမျိုးဖြစ်၏
ဒိုကြွေးကြော်သံ
အမျိုးမှန်ရင်
တိုင်းခြားပြည်ရွာ
ရွေမြန်မာတို့
နိုးကြားထလော့

Friday, December 12, 2008

အကျဉ်းစံအမေစုထံသို့

အမေ………

ဒီမြေရေမှာ ကြီးတယ်

ဒီအာဏာဆက်ရှည်ဖို့

ပြည်သူတွေကို သတ်သင့်လား…….

အမေ………

ဘုန်းကြီးတွေကိုရိုက်

မင်းမဲ့စရိုတ်တဲ့

ခေါင်းဆောင်တွေနောက်

ဆက်မလိုက်ရဲအောင်

ထောင်ဒဏ်တွေချသင့်လား….

အမေ…

နေစရာမဲ့

မုန်တိုင်းခတ်တော့

လူတိုင်းအခက်မှာ

ထောက်ခံမဲ့တည့်ခိုင်းသင့်လား………

အမေ

မတော်မရာ

ဒီအာဏာကိုမက်မော

သူတို့ခုပြော

ဒီမိုကရေစီ သဘောဆိုတာ

ဘာလဲလို့ မမေးသင့်ဘူးလား………..

ငြိမ်းတေဇ

ကျောက်ဆည်သားသို့ ……… ပေးစာ


ကျောက်ဆည်နယ်သား
ဗမာများဟု
မိမိစိတ်ဖြင့်တွေးထင်မိတယ်
ထိုကျောက်ဆည်နယ်သား
ဇနပုဒ်သားက
အာဏာပါးမဝ
အငမ်းမရ
ဖမ်းဆုပ်ထား၏
ထိုထိုအာဏာ
ထိပါးလာက
လူစိတ်ပျောက်ကာ
ခွေးစိတ်ပေါက်၏
အမျိုးဘာသာ
သာသနာမသိ
သူဆိုးနေတာ
ကမ္ဘာသိတယ်…………….
ငြိမ်းတေဇ

လက်တွေ့ဘဝ


အနော်တို့ အပါးတုန်းက

ဒီတောဒီတောင်ထဲမှာ

ပုန်းခိုပြီးရှောင်ခဲ့ရတယ်

တောင်ယာတွေပစ်

ရွာတွေပစ်လို့

ဒီစစ်အစိုးရ သတ်ပစ်မှာ

ကြောက်ခဲ့ရတယ်

အနော်တို့ လက်ထက်

အခြေအနေဆိုးသထက်ဆိုးတယ်

စားအိုးစားခွက် ပလိုင်းတောင်းထဲထည့်

သားသမီးလက်အတင်းဆွဲလျှက်

တောတောင်တွေထဲ

ထွက်ပြေးခဲ့ရတယ်

ဒီဘ၀ဒီမျှပဲလား

ဆယ်ခုနှစ်တွေကြာ အုန်းမှာလား

တောတောင်တွေထဲ ပြေးရအုန်းမလား

ဒီစစ်အစိုးရ သတ်ပစ်မှာကို

ကြောက်နေရတယ်.


ငြိမ်းတေဇ


(စာပေ အနုပညာ ဘက်မှ စစ်အာဏာရှင်စနစ် ပြုတ်ကြရေး အတွက် တိုက်ပွဲဝင်သော ကဗျာဆရာ ငြိမ်းတေဇ ကို မျိုးချစ်သူရဲကောင်းတစ်ဦးမှ အထူးပင်ကျေးဇူးတင် ရှိကြောင်း )


Thursday, December 11, 2008

ပဲ့တင်သံ

ချီတက်ကြမယ်
တွဲလက်တွေခိုင်ခိုင်မြဲလို့
ဒို့သွားမဲ့လမ်းက
ပန်းပွင့်တွေကြဲမထားဘူး
မှန်းမျှော်ခွင့်မင်းမှာရှိလား
လွတ်မြောက်ဖို့အရေးအတွက်
အသက်တွေပေးခဲ့တာရော
မင်းတို့သိရဲ့လား
ပဂတိအရှိတရားက
အကြောက်တရားတွေ ပိုနေတယ်
အမှောင့်တောင့်နားမှာ
မိခင်တွေငိုနေတယ်
ကလေးစစ်သားတွေလိုနေတယ်လို့
မင်းတို့ကြားလား
ဖိနှိပ်မှုအောက်မှာ ဆက်နေမလား
အသနားခံစာတွေလည်း မတင်ချင်ဘူး
ပြသဒါးဒဏ်ရာ ဒဏ်ချက်တွေထက်
ပြတ်ပြတ်သားသား အမှန်တရားအတွက်ကို
ဒီု့လူငယ်တွေ လက်ထဲမှာရှိမနေသင့်ဘူးလား

ငြိမ်းတေဇ

(လူငယ်တစ်ဦး၏ ရင်ထဲ့မှာ ကြစီးလာသော သွေးစဖြင့်
ရေးသားထားသော ကဗျာလေးတစ်ပုဒ်)

ငရဲပြည်

မြန်မာဆိုတာ မင်းတို့သိလား
ဖော်ရွေစွာအပြုံးရှိတယ်
ရနံတွေဝေနေတဲ့
တောင်းတန်းတွေ
အဆိုးဝါးဆုံးဖိနှိပ်မှုအောက်မှာ
သဘေားထားကြီးတဲ့
ခေါင်းဆောင်တွေနဲ့
ပြည်သူတွေရှိတယ်
ထားရာနေ စေရာသွား
မှန်မှန်မှားမှား
စစ်ခွေးနောက်လိုက်
တွေလည်းရှိတယ်
မြန်မာပြည်ဆိုတာ
ထရံကျိုးကျုဖျာ
အိမ်မိုးတွေကာတယ်
မုန်တိုင်းတွေလာလို့
ဘ၀တွေပိုမိုဆိုးလို့ရယ်
တိမ်တောင်ပမာ
အမှောင်ကမ္ဘာပြည်ရွာဖုံးတယ်
ငိုကြွေးသံမဆိုး။

ငြိမ်းတေဇ