သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။

Friday, December 12, 2008

လက်တွေ့ဘဝ


အနော်တို့ အပါးတုန်းက

ဒီတောဒီတောင်ထဲမှာ

ပုန်းခိုပြီးရှောင်ခဲ့ရတယ်

တောင်ယာတွေပစ်

ရွာတွေပစ်လို့

ဒီစစ်အစိုးရ သတ်ပစ်မှာ

ကြောက်ခဲ့ရတယ်

အနော်တို့ လက်ထက်

အခြေအနေဆိုးသထက်ဆိုးတယ်

စားအိုးစားခွက် ပလိုင်းတောင်းထဲထည့်

သားသမီးလက်အတင်းဆွဲလျှက်

တောတောင်တွေထဲ

ထွက်ပြေးခဲ့ရတယ်

ဒီဘ၀ဒီမျှပဲလား

ဆယ်ခုနှစ်တွေကြာ အုန်းမှာလား

တောတောင်တွေထဲ ပြေးရအုန်းမလား

ဒီစစ်အစိုးရ သတ်ပစ်မှာကို

ကြောက်နေရတယ်.


ငြိမ်းတေဇ


(စာပေ အနုပညာ ဘက်မှ စစ်အာဏာရှင်စနစ် ပြုတ်ကြရေး အတွက် တိုက်ပွဲဝင်သော ကဗျာဆရာ ငြိမ်းတေဇ ကို မျိုးချစ်သူရဲကောင်းတစ်ဦးမှ အထူးပင်ကျေးဇူးတင် ရှိကြောင်း )


No comments: