သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။

Wednesday, February 11, 2009

ကြောက်စိတ်ဖြောက်ထားင့ါချစ်သားတို့

ဆွေးနေခဲ့တော့
ပြေးမတွေ့နိုင်လို့
ပင်လယ်ပြင်က
မုန်းတိုင်းပါလား..............

မိုးရွာချိန်က
အမေရင်ခိုမှာ
နားခိုခဲ့ရ
မိုးတွေကြားထဲ
ပြေးလွှားခဲ့သော
ငါတို့ရဲဘော်

ကိုင်မြဲသော အလံ
မချစတေးဟု
သံတူရွတ်စို
စတင်ဘာတဲ့လား....................

သွေးတွေပေခဲ့
ငါ့ဖြူစဉ်အင်္ကျီ
စစ်ဗိုလ်လူးတို့
အမြတ်ထုတ်ဖို့
နာဂစ်တစ်ခုပေါ်ခဲ့သလား........................

၂၀၁၀ ပန်းတိုင်ဝင်ဖို့
သူတို့လုပ်ခဲ့ပြီ............

ကြောက်စိတ်ဖြောက်ထား
ငါ့ချစ်သားတို့.......................

(mission အဖွဲ့ဝင်တစ်ဦး)

No comments: