နအဖ၏ နေ.စဉ်ထုတ် သတင်းစာများနှင့် မြန်မာပြည်တွင် လက်ရှိ ထုတ်ဝေနေသော စာအုပ်များ၊ ဗီဒီယိုအခွေများ၊ စာစောင်ဂျာနယ်များတွင် အမြဲထည့်သွင်းပါရှိနေသည့် နအဖအာဘော်များဖြစ်သည့် နိုင်ငံရေးဦးတည်ချက်၊ စီးပွားရေးဦးတည်ချက်၊ လူမှုရေးဦးတည်ချက်များတွင် ၂၀၀၈ခုနှစ် မေလတွင် ရေးဆွဲခဲ့သော နအဖ၏ အခြေခံဥပဒေ မခိုင်မာကြောင်း နအဖကိုယ်တိုင်က အသိအမှတ်ပြု ဖော်ပြနေခြင်းအား သိသိသာသာတွေ့ ရှိရပါသည်။
ယနေ့ထိတိုင် (ဖေဖေါ်ဝါရီလ ၇ ရက်၊ ၂၀၀၉ခုနှစ် သောကြာနေ.ထုတ် သတင်းစာထဲထိတိုင်အောင်) ထုတ်ဝေနေသော နအဖသတင်းစာများ၊ စာစောင်များ၊ ဂျာနယ်များထဲတွင် တွေ့ ရှိနေရသေးသည့် နအဖ၏ အာဘော်များဖြစ်သည့် နေ.စဉ်ဖော်ပြနေသော နအဖ၏ နိင်ငံရေးဦးတည်ချက် (၄) ရပ် အတွင်း “ခိုင်မာသည်. ဖွဲ.စည်းပုံဥပဒေသစ် ဖြစ်ပေါ်လာရေး” ဆိုသည်. အချက်ကို ယနေ.အချိန်ထိ ဆက်လက်ထည်.သွင်း ဖော်ပြနေခြင်းမှာ ၂၀၀၈ ခုနှစ် မေလအတွင်း ပြည်သူ.ဆန္ဒကို ခံယူပြီး ပြီးမြောက်အောင်မြင်ခဲ့ပါသည်ဟု မတရားကြွေးကြော်နေသော နအဖ၏ အခြေခံဥပဒေကို၎င်းတို့  နအဖတွေကိုယ်တိုင် အတည်ပြုခြင်း မရှိရာ ရောက်နေပါသည်။
“ခိုင်မာသည်. ဖွဲ.စည်းပုံဥပဒေသစ် ဖြစ်ပေါ်လာရေး” ဆိုသည်. အချက်ကို ယခုထိတိုင် ထည့်သွင်းဖေါ်ပြနေခြင်းသည် နအဖ၏ အဓမ္မ လိမ်လည်ကောက်ကျစ်စွာရေးဆွဲထားသည့် ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ လုံးဝခိုင်မာမှု မရှိကြောင်းနှင့် အတည်ဖြစ်မြောက်ခြင်း မရှိသေးကြောင်း အဆိုပါ အချက်အား ဆက်လက်ဖေါ်ပြနေခြင်းက သက်သေခံနေပါသည်။
သို့ ဖြစ်ရာ ခိုင်မာသော . ဖွဲ.စည်းပုံဥပဒေသစ် မပေါ်ပေါက်သေးကြောင်း ဆိုလိုနေသည့် နအဖ၏ နိုင်ငံရေးဥိးတည်ချက်ပါ အချက်အရ - နအဖအနေဖြင့် ၂၀၁၀ ခုနှစ်တွင် ကျင်းပပြုလုပ်မည်ဟု ကြေညာထားသော ရွေးကောက်ပွဲအား မည်သည့် အတည်ပြုမှုမှ မရှိသေးသော ခိုင်မာမှုမရှိသေးသော ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့်မျှ ဆောင်ရွက်လို့  မရသောကြောင့် ၂၀၁၀ ခုနှစ် နအဖတို့ ၏ ရွေးကောက်ပွဲမှာ လုံးဝ အဓိပ္ပါယ်ရှိမည် မဟုတ်ကြောင်းနှင့် မည်သို့ မှ တရားဝင်ရွေးကောက်ပွဲအဖြစ် မှန်မှန်ကန်ကန် ဖြစ်မည် မဟုတ်ကြောင်း တွေ့ မြင်ရပါသည်။
ထို့ ကြောင့် ၂၀၁၀ ခုနှစ်တွင် ပြုလုပ်မည်. နအဖတို့ ၏ ရွေးကောက်ပွဲအား မည်သည်.အခြေခံဥပဒေနှင့် ဖော်ဆောင်မည်ကို တွေးတောမရဖြစ်နေကြကြောင်း ရန်ကုန်ကျောင်းသားလူငယ်များနှင့် အများပြည်သူတို့ အကြား ပြောဆိုဝေဖန်နေကြသည်ကို ကြားသိရပါသည်။
(ရေးသားသူ - ဇွဲမာန်)။
http://niknayman-niknayman.blogspot.com/
No comments:
Post a Comment