သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။

Thursday, February 5, 2009

ဒီချုပ်လူငယ်စာဖတ်ဝိုင်း ဆရာကြီးမင်းသုဝဏ်(နှစ်၁၀၀ပြည့်)ဆွေးနွေး

တေဇအောင်(၅၊၂၊၀၉)
(၅၊၂၊၀၉)နေ့လည် (၁း၀၀)နာရီတွင် အမျိုးသားဒီမိုကရေစီဗဟိုဌာနချုပ်ရုံး တွင်လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကိုကျင်းပခဲ့ပြီး ဦးအုံးကြိုင်၊ဒေါက်တာသန်းငြိမ်းနှင့်ဖျာပုံနီလုံဦးတို့မှအမျိုးသားစာပေပညာရှင်ကြီး ဆရာမင်းသုဝဏ်(ကမာရွတ်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်)အသက်နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အနေဖြင့်
ဦးဆောင်ဆွေးနွေးခဲ့ကြပြီး အဖွဲ့ချုပ်လူငယ်(၁၅၀)ခန့်တက်ရောက်ဆွေးနွေးခဲ့ကြသည်။တက်ရောက်ဆွေးနွေးသူများမှ ဆရာကြီး၏လေးစားဂုဏ်ပြုဖွယ်အကြောင်းများနှင့်ဆရာကြီး၏နိုင်ငံနှင့်လူမျိုးအပေါ်တွင်မိမိတတ်စွမ်းသည့်ပညာရပ်ဖြင့် လူငယ်ထုအသိပညာများထွန်းကားလာစေရန်စွမ်းဆောင်ခဲ့ပုံများနှင့်
ဆရာကြီး၏အမှတ်တရကဗျာများကို အဖွဲ့ချုပ်လူငယ်များမှလေးစားဂုဏ်ပြုစွာရွတ်ဆိုခဲ့ကြပြီး
နေ့လည်(၃း၃၀)ခန့်တွင်ဆွေးနွေးပွဲပြီးဆုံးသွားခဲ့သည်။
နောင်လာမည့်စာဖတ်ဝိုင်းအတွက် လူငယ်များမှ ဆရာကြီးလင်းယုန်မောင်မောင်ရေးသားသည့်
ချေဂွေဗားရားစာအုပ်ကိုရွေးချယ်ခဲ့ကြသည်။
http://www.punkrockmee.co.cc/

No comments: