သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။
Tuesday, February 10, 2009
မရမ်းကုန်းမြို့နယ်တရားပွဲအပိတ်ခံရ
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မည်သည့်အတွက် တရားပွဲများပိတ်ကြောင်း လျှောက်ထားမေးမြန်းရန် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌဆရာတော် ဦးတေဇနိယထံ ဖုန်းဆက်ခဲ့သော်လည်း ဆရာတော်က ဖုန်းချ သွားသည်။
တရားပွဲများ ကျင်းပပါက မကျင်းပမီ တရားဟောဆရာတော်များအနေဖြင့် လူမျိုးအချင်းချင်း၊ ဘာသာ အချင်းချင်း ပဋိပက္ခဖြစ်ပွားစေမည့် အပြောအဆိုများ ပြောဆိုမည်မဟုတ်ပါကြောင်း၊ သာသနာနှင့် မလျော်ညီ သော စကားလုံးများ မသုံးပါကြောင်း စသည့် ၀န်ခံကတိလက်မှတ်များ ရေးထိုးကာ သက်ဆိုင်ရာ အာဏာပိုင်များသို့ တင်ပြနေရကြောင်း သိရသည်။
တရားပွဲပြီးစီးပါက (၁) နာရီအတွင်း မြို့နယ်မယကရုံးသို့ ဟောကြားထားသည့် တရားဗွီစီဒီခွေ (၈) ခွေနှင့် တရားပွဲတွင် ဟောကြားခဲ့သမျှ လိုက်မှတ်ထားရသော လက်ရေးမူတစောင် ပေးပို့ခိုင်းထားကြောင်း သိရသည်။
“လက်ရေးမူကိုပါ ပို့ရမယ်တဲ့။ ဗွီစီဒီအခွေထဲမှာ ချောင်းဆိုးတာကအစ အကုန်ပါနေတာပဲဆိုတာလည်း မရဘူးတဲ့။ ဗွီစီဒီအခွေကိုလည်း ည (၇) နာရီတရားပွဲက ည (၁၀) နာရီမှာပြီးရင် မယကရုံးကို ည (၁၁) နာရီ အရောက် ပို့ပေးရမယ်လို့ပြောတယ်။ ဦးဇင်းတို့ကလည်း အားလုံးတိုင်ပင်ပြီး ရတယ် လုပ်မယ်ဆိုပြီးတင်တော့ မယကဥက္ကဋ္ဌက အထက်ကစာဝင်တယ်ဆိုပြီး ပိတ်လိုက်တာပဲ။ တခြားမြို့နယ်တွေ ပါမပါတော့ မသိဘူး။ ဟုတ်မဟုတ်တော့ မသိဘူးပေါ့လေ။ တချို့ ပြောနေကြတာကတော့ မရမ်းကုန်းမှာ ဗိုလ်ချုပ်မှူးကြီးကတော် ရောက်နေလို့။ သူက အပိတ်ခိုင်းထားတာလို့လည်း ပြောနေကြတာပဲ” ဟု သံဃာတော်က မိန့်သည်။
NEJ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment