နိုင်ငံရဲ့လမ်းပန်းဆက်သွယ်ရေးအနေနဲ့ ကျွန်တော်တို့အဓိကဖြစ်တဲ့ မန္တလေး နဲ့0ရန်ကုန် လမ်းအနေနဲ့ ပဲခူးကနေ တောင်ငူအထိမော်တော်ကား နေနဲ့ ရွေးမောင်းစရာလမ်းကောင်း မရှိဘူး ချိုင့် တွေဟာ မော်တော်ဆိုင်ကယ်တောင်မှ မနဲလမ်းကောင်းရွေးနေရတယ်။တောင်ငူကနေပျဉ်းမနားကိုနဲနဲကောင်းတယ်၊ပျဉ်းမနားကနေရမည်းသင်းကို(၃)နာရီ လောက် မောင်းနေရတယ်။ဘယ်နေရာမှာမှလမ်းကောင်းမရှိဘူး အရင်တုံးက မန္တလေးရန်ကုန်ကို(၁၁)နာရီ(၁၂)နာရီ ကား မောင်းချိန်ရှိတယ်။အခုဆိုရင် မန္တလေးနဲ့ ရန်ကုန်ကို(၁၆)နာရီမောင်းနေရတယ် အဲဒီအတွက်အချိန်တွေ အလဟသဆုံးရှုံး တယ်။မြို့ဝင်မြို့ထွက် တိုင်းမှာကတံတားကြေး ၊လမ်း ကြေး။ မြို့ဝင်ကြေး၊ရဲကြေး .ဆိုတာတွေက ရန်ကုန် မန္တလေးအသွား အပြန်တင်ကြောင်းကို ၂သောင်းခွဲကုန်ကျတယ်။ပြီးရင်ပြည်သူတွေအနေနဲ့လမ်းမှာ မှတ်ပုံတင်စစ်ဆေးတယ်.. မှတ်ပုံ တင်ပြဘို့ အောက်သို့ဆင်းရတယ်.တန်းစီပြီး။လမ်းလျှောက်ရတယ်။ရန်ကုန်မန္တလေးလမ်းမှာ (၂)ခါစစ်တယ်. အဲ့ဒါဘာဖြစ်လို့လဲ ၀န်ထမ်း တွေဘဲ ပြည်သူပေးတဲ့လစာယူပြီးကားပေါ်တက် စစ်ရင်မဖြစ်ဘူးလား ပြီးတော့နိုင်ငံတော်ကလုပ်ပေးတဲ့တရားဝင်နိုင်ငံသား ကတ်ပြားကိုကြည့်ပြီး ဘာသာကွဲမို့လို့ဆိုပြီး (၁၀၀၀)ကျပ်တောင်းတယ်။မပေးရင်လိုက်ခွင့် မပြုဘူး ရစ်နေတယ်။ နောက်ရန်ကုန်ပြည်လမ်းရန်ကုန်မှ တိုက်ကြီးအထိလမ်းကောင်းသေးတယ်.တိုက်ကြီးကနေ လက်ပတန်း အထိမိုင်(၉၀)ကျော် ကို(၃)နာရီခွဲမောင်းရတယ်။လက်ပတန်းကျော်ရင် နဲနဲကောင်း ပြီပြည်နဲ့မကွေးကြား (၁၃၅)မိုင်ရှိအဲဒီခရီးကို (၇)နာရီမောင်းရ တယ်။အဲဒါတွေကိုနိုင်ငံတော်ကမသိတာလား. အဲဒီလောက်ဆိုးနေတာတွေကို မှမသိရင် ဘယ်လိုခေါင်းဆောင်ပြီး. ဘယ် လိုဖွံ့ဖြိုးမှာလဲ နောက်ပြီးတော့.ဘယ်လိုခရီးကိုဆက်ရမှာလဲ....???
လျှပ်စစ်မီး -
` ထူးသဖြင့်မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော်လို့တင်စားထားတဲ့ မန္တလေး မြို့တော်မှာ(၃)နာရီမီးလာတယ် (၆)နာရီမီး ပျက်တယ်။မီးစက်မ၀ယ်နိုင်တဲ့ မြန်မာတွေ မီးမ လင်းဘူး တရုတ်-သူဌေးတွေမီးလင်းတယ် ဒီဇယ်ဖိုး။ဓါတ်ဆီဖိုး တွေ ကြောင့် ကုန်ဈေးနှုန်းတွေ မြှင့်ကုန်တယ်။ဒါပေမဲ့ လျှပ်စစ်မန်နေဂျာနဲ့ ညှိပြီးမိးဝယ်လို့ရတယ်(၂၄)နာရိမီးပေးမယ်။ငွေ-------) ဘယ်လောက်ပေးရမည်ဆိုတဲ့ သတ်မှတ်ချက်ရှိပါတယ်။
စီးပွားရေး
ယခု၂၀၀၇-၂၀၀၈အဆိုးဆုံးပြည်သူတွေအတွက် ဘာမှလုပ်စားလို့မရ အောင်ဖြစ်သွား တယ်ရွေအရောင်း အ၀ယ်ကျောက်ကုန်သည်တွေရတနာသမားတွေဘာမှလုပ်မရတော့ဘူး နိုင်ငံတော်ရဲ့ အဓိကထွက်ကုန်ဆန်စပါး -ပဲ.နှမ်း .အဲဒါ တွေကို ဘယ်နိုင်ငံကမှမ၀ယ်တော့ဘူး။ အကုန်လုံးဈေးကွက်တွေပျက်ကုန်တယ်။ဒါငွေကြေးသိပ်သည်းပြီးကုန်ဈေးနှုန်း ကျတာမဟုတ် ဘူး၊ဈေးကွက်စီးပွားရေးပျက်တာ၊ဒါပေမဲ့ စစ်ခေါင်းဆောင်တွေအတွက် ဘာမှမဖြစ်ဘူးလိုင်စင်မဲ့ ဖမ်းထားတဲ့ကေားတွေလေလံတင်ရောင်းတယ်ဘယ်ဝန်းကြီးအတွက် ဘယ်နှစ်စီး ဘယ်ဗိုလ် ချု့ပ်အတွက် ဘယ်နှစ်စီး ဆိုပြီး ရောင်းစားတယ်။ဝန်ကြီးသားသမီးတွေ ဗိုလ်ချပ်သားသမီးတွေ အတွက် သစ်တန်ချိန်ဘယ်လောက်အိပ်စ်ပို့- သူတို့အတွက် အင်ပို့ကား ဘယ်နှစ်စီးဆိုတာတွေ့ ရှိတယ်။နောက်ပြီး မြန်ပြည်တွင်းမှာ ကုန်ထုတ်စွမ်းအားဆိုတာက လုပ်လို့ရတယ် ဥပမာ စက်မှုဇုံ ကားထုတ်ရင် (ကညန)ကိုပေးရတယ်။ဝန်ကြီးမိသားစုနဲ့ ဗိုလ်ချုပ်တွေကို အရင်ဆုါံ်(၅)စီး လောက် လက်ဆောင်ပေးမှ ထုတ်လုပ်ခွင့်ပြုတယ်။
နောက်ဆုံးအနေနဲ့ ပြည်တွင်းမှာ ကုမဏ္ဍိဘံဖွင့်ဖွင့်ကုန်ထုတ်စွမ်းအားဘဲလုပ်လုပ် မွေးမြူရေးနဲ့ ငါးလုပ်ငန်းလုပ်လုပ် နအဖ ခေါင်းဆောင်းပိုင်းအတွက် ဝေစုတစုထဲပေးမှလုပ်ပိုင် ခွင့်ရပါတယ်။
ခရီးသွားဝန်ဆောင်မှုအပိုင်းမှာလည်း အဒီလိုပါဘဲကားဂိတ်တခုဖွင့်မယ်ဆိုရင် လူကြီး ပိုင်းအတွက် ဝေစု တစု ပေးရပါတယ်အဲ့ဒါမှဆီပေးမယ်။ ပြေးဆွဲခွင့်ပေးပါတယ်။နာဂစ်အတွက် အလှုငွေ များကိုမိမိကိုယ်ကျိုးအတွက်သုံးစွဲလျှင် ပြင်းထန်စွာအ ရေးယူမည်ဟူသော ဥပဒေကိုမြန်မာ့ TV နဲ့ (MDW) အဖြစ် မြန်မာ့အလင်းနဲ့ကြေးပုံသတင်းစာများမှာတရားဝင်တိတိ လင်းလင်းနဲပကြေငြာထားပါတယ် ဒါပေမဲ့ ဖျာပုံခရိုင်မှာ မြေဆီမြေသြာသိန်း (၁၅၀၀၀)ဖိုး ခ ယက ဥက္ကဌနဲ့ မ၀တ ဥက္ကဌ အပြောက်ရှင်းတဲ့နေရာမှာအဝေမတဲံလို့ အထက်ဝန်ကြီးထံသို့ တိုင်ကြားခဲ့ပေမဲ့ မပေးနိုင်တဲ့ မ၀တဥက္ကဌက ထောင်ကြပြီး ပေးကန်းနိုင်ထံ ခယက ဥက္ကဌကတော့ ဘာဥပဒေမှ မငြိတဲ့အပြင်ပို့ဆက်ဝန်ကြီး ဌာနကိုလျောလျောလျှူလျှူနဲပရောရှိ သွားပါတယ်။မကွေးတိုင်းအောင်လံမြို့အတွက် (Gsl )ဖုန်း ၆၀၀၀ ပေးတယ်။ဒါပေမဲ့ ပြည်သူတွေလျောက်တယ် လျောက်လွာ အစာင် (၃၀၀၀)ခေါ်တယ် လျောက်လွှာတစောင်ကို ၂၀၀ ကျပ်ကြတယ်။ဒါပေမဲ့ မ၀တက (၂၀၀၀)ကျပ် ရောင်းတယ် တကယ်ချပေးတော့ တိုင်း အဖွဲ့အစည်းတွက်(၂၀၀)လုံး သရက်မြို့အတွက် ဌာနဆိုင်ရာ နဲ့ကြံဖွံအတွက် ၂၀၀လုံး ပြည်သူအတွက် အလုံး ၃၀၀ ဒီ(၃၀၀)ရာကလည်း ထုတ်ဈေး (၁၅၅၀၀၀၀)ကျပ်ကို မ၀တ .ခ.ယ.က အဲဒီအတွက်တလုံးကို (၃)သိန်း ပေးမှရမယ် အဲဒီကိစ္စကို မပြေလည်သေး လို့ မပေးေ သးဘူးကြံဖွံနဲ့အဖွဲ့အစည်း အတွက်ရတဲ့ဖုန်းတွေကို တလုံး ၃ သိန်းခွဲအမြတ်နဲပတိုးတိုး တိတ်တိတ်ရောင်းသွားတယ်။ဗမာပြည်ရဲ့ဖွံဖြိုးတိုးတက်မှုဆိုတယ်။ဘယ်ပြည်သူမှ မခံစားရဘူး။
ပညာရေး
ပညာရေးနဲ့ကြည့်မြန်မာနို်င်ငံသားပညာရေးနှင့် ပတ်သက်ပြီးဘယ်နိုင်ငံကမှ ထူးချွန်တဲ့ ဘ၀မရဘူးမအောင်မနေရ ပညာရေးဆိုပြီးတော့ ကျောင်းသား၊သူရဲ့ အရည်အချင်း ကိုမစစ်ဆေးရတော့ဘူး။ မအောင်ရင် ဆရာ။ ဆရာမတွေကို ထုချွေလွှာတောင်းတယ်။ဒီကျောင်းသားမှာ အရည်အချင်းမရှိဘယ်အောင်မလဲ။အဲဒါကိုဘယ်လိုပြုပြင်ရမည်ဆိုတာ မစဉ်းစား ဘူးအောင်ရမည် ဆိုတော့ ဆရာတေါက အတန်းတင်ပေးတယ်။တခြားနိုင်ငံလည်း ရောက်ရောအရည် အချင်းမရှိ လို့ပြန်လွတ်တယ်.တခြားနိုင်ငံလည်း ရောက်ရော အရည်အချင်းမ ရှိလို့ပြန်လွှတ်တယ်။အခုအခြေအနေနအဖရဲ့ ပညာရေး ဟာကို လိုနီခေတ်ကကျွန်ပညာရေးတဲ့ ဆိုးတဲ့အာဏာပညာရေး..ငွေပညာရေးဖြစ်နေပြီ။ဘာဖြစ်လို့လဲဆိုတော့ တက္ကသိုလ်က ကျောင်း သူတစ်ယောက်ကွာလပိုင် အောင်လို့ နည်းပြဆရာမ ဖြစ်သွားတယ်။အဲဒါကိုဆရာမဖြစ်အောင် ဘယ်ဒေသကို ရောက်အောင်လို့ ရန်ကုန်မြို့ရဲ့ ဌာနဆိုင်ရာဖြစ်တဲ့ ကမ်းနားလမ်း (၆)ထပ်ကြီးရုံး ကိုလိုက်ပြီး…အစည ကိုဝင်ရတယ်။ ရန်ကုန်မှာရဘို့ (၅)သိန်းမန္တလေးဆိုရင် (၃)သိန်း မုံရွာဆိုရင် (၁)သိန်းပေးရတယ်။အဲဒီမှာ ပညာရေးဝန်ကြိး ညာဘက်ရုံး နဲ့ စကားပြောဖြစ်တယ်။ ပညာရေးနဲပ ပတ်သက်လို့ လိုအပ်ရင်ပြောပါတဲ့ (၁၀)တန်းကိုဘယ်မေဂျာနဲ့ ဂုဏ်ထူးထွက်ချင်တယ်။ အမှတ် ဘယ်လောက်လိုချင်တယ်ဆိုတာ သူဈေးနှုန်းနဲပသူရှိပါတယ်။အဲဒီပညာရေးဘဲရှိတယ်။
တက္ကသိုလ်ဆရာ ၊ဆရာမတွေ နိုင်ငံခြား ပညာသင်လွတ်တဲ့မက်လုံးလေးနဲနဲပြတယောက်တလ (၄၀၀၀၀)ရတယ်။ တနေ့မှ (၁၂၅၀) အဲဒီငွေနဲ့ ဒီခေတ်မှာဘယ်လိုစားမလဲ ဆိုတာ နအဖမသိဘူးလား။ ၀န်ထမ်းမှန်သမျှကို စာရိတ္တပျက်အောင် သူတို့အောက်က မထွက် နိုင်အောင်ပြည်သူနဲ့ ၀န်ထမ်းစိတ်ဝမ်းကွဲအောင် ယုတ်မာတဲ့ ဒေ၀ဒတ်လိုအကြံညဏ် အပြည့် အ၀ ရှိတဲ့ မြန်မာစစ်ခေါင်းဆောင်နအဖ ရဲ့ မဟာစီမံကိန်းကိုအကောင်အထည်ဖေါ်နေတာ ပါဘဲ။။။

နိုင်ငံရေးသမားတစ်ဦး
No comments:
Post a Comment