သွေးစက်တွေကျလို့ 
အပြုံးမျက်ရည်တွေ
သုက်မနိုင်တော့
အချိန်တိုင်းမှာ
သတိရနေလို့ 
စကားတွေပြောချင်
တာလဲမောနေခဲ့တယ်.............
အဆိပ်ပါတဲ့နှင်းဆီပန်းကို
ရင်ထဲမှာ စိုက်ပျိုးခဲ့တော့
ဒဏ်ရာသာကျန်ခဲ့တယ်
ပန်းကမပွင့်
အဆိပ်တွေကရင်ထဲမှာ
ပြန် နေတော့
အိမ်မက်တွေက
အိမ်မက်မှာပဲကျန်ခဲ့ပြီ......
နောက်ထပ်အဆိပ်လူးတဲ့
မြှားကရင်အုံကိုတည့်တည့်မှန်တော့
စွဲနူတ်ဖို့ ကလဲ ခက်
ဆက်ထားဖို့ ကလဲ ခက်ပေါ့
အောင့်သက်သက်နဲ့ 
နာကျင်ခဲ့ရတယ် ...................
ဒါပေမဲ့လဲ
အိမ်မက်နတ်သမီးလေး
ပါ်းစပ်ကသွေးအန်လို့ 
လဲကျခံနည်း.......................
သူဓါတ်ပုံလေးကြည့်ငေးရင်း
ကျန်နေတဲ့အသက်ထက်ရှင်ခဲ့.............................
သွေးစတွေလဲနံရံပေါ်ကြခဲ့တော့
လက်သီးကိုတောင်အားဏာလှပြီ
အချိန်တိုင်းမှာ အဆိပ်တွေက
ပြန့် နှံ့ နေတော့ အသဲတချမ်းတောင်
မြှောင်းထဲရောက်သွားတယ်
ဒါတွေက ငါအပြစ်တွေပါ
အဆိပ်ကို အဆိပ်လို့ သိရဲ့ သားနဲ့ 
ရင်ထဲမှာ သိမ်းထားချင်မိခဲ့တာကို
အိမ်မက်တွေကိုအပြင်ကိုခေါ်မိတာကို
အတိတ်ရဲ့ အမှား တခုကြောင့်
အမှားတခု သာဖြစ်သွာခဲ့တယ်
အဆိပ်ပင်တွေကို မြေမှာ ပြောင်းစိုက်ဖို့ 
ငါကြိုးစားနေပါတယ်..............
ဒါပေမဲ့နုနွယ်လွမ်းတဲ့
ငါအသဲကိုလဲအားဏာလှပြီ
myakovsky ရဲ့  မာရီယာကို
ချစ်ခဲ့တဲ့အချစ်မျိုးလဲ ငါမချစ်ချင်တော့ဘူး
မင်းကုသရဲ့ ပပ၀တီကို ချစ်တဲ့အချစ်မျိုးလဲ
မချစ်တောဘူး
ဒစ်စကစ်ဒစ်ရဲ့  သံစ်နာစ်စစ်ကို
ထားခဲ့သောမေတ္တာတရားလိုလဲ
ငါမထားချင်တော့ဘူး
ငါကိုအဝေးသို့ ထွက်သွားခွင့်ပေးပါ
ငါဝိညာဉ်တွေ ငါကိုပြန်ပေးပါ
ငါအိမ်မက်တွေ ငါကို ပြန်ပေးပါ
ငါအသဲတချမ်း ငါကိုပြန်ပေးပါ
ငါရဲ့ နှလုံးခုံသံရတ်တန့် မှု အတွက်
ရော်ကြေးပြန်ပေးပါ
ငါရဲ့ ဘ၀ကို ငါကိုပြန်ပေးပါ
ယခုဖြစ်နေတဲ့နေရာကို
ငါကိုမထားခဲ့ပါနဲ့ 
ငါကိုလမင်းဆီသို့ ပို့ ပေးပါ .............
အင်္ဂါ နေ့  ၂၇ .၀၃ ၀၈
၁၁း ၂၆း ၀၆ ညအချိန်
ငရဲ အတွက် အမှတ်တရလက်ဆောင်
No comments:
Post a Comment