သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။
Thursday, February 5, 2009
ထိပ်တန်း အစိုးရ ရာထူးအပြောင်းအလဲ
ပြည်သူ့ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥက္ကဌ ဒေါက်တာ သန်းညွှန့်နှင့် ပညာရေး ဒုဝန်ကြီး ဦးမျိုးညွှန့်တို့ ရာထူးမှ အနားယူ သွားပြီဖြစ်သည်ဟု သတင်းရပ်ကွက်များက ပြောသည်။
ထို့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်သူကို ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေး ဥက္ကဌအဖြစ် ပြောင်းလဲ ခန့်အပ်လိုက်သည်။ ဤရာထူးမှာ ၀န်ကြီးရာထူးနှင့် တန်းတူအဆင့်ဖြစ်သည်။
ဦးကျော်သူသည် သမတဟောင်း ဦးမောင်မောင်၏ သားဖြစ်ပြီး သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ ဥက္ကဌလည်းဖြစ်သည်။ နာဂစ် မုန်တိုင်းဒဏ်သင့် ဒေသများတွင် ကူညီထောက်ပံ့ရေးနှင့် နိုင်ငံတကာ အထောက်အပံ့များ ကွပ်ကဲရေး အတွက် ကုလသမဂ္ဂ၊ အာဆီယံနှင့် မြန်မာအစိုးရ ကိုယ်စားလှယ်တို့ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။
ဖြစ်လာနိုင်သည့် ၀န်ကြီးအဖွဲ့အပြောင်းအလဲနှင့် ပတ်သက်၍ မဇ္ဈိမက ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သလို ယခုလက်ရှိ အချိန်တွင် နှုတ်ထွက်ပြီးသွားသူ အချို့ကို စတွေ့ လာရသည်။
ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ်စောထွန်းနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဗိုလ်ချုပ်စောလွင်တို့ ရာထူးမှ နှုတ်ထွက်ပြီးဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment