
နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ခဲ့မော်ဒိုဗ်သမ္မတမိုဟာမက်နာရှက်ကဒေါ်အောင်ဆန်း
စုကြည်နှင့်မြန်မာနိုင်ငံရေးအ့ကျဉ်းသားအားလုံးလွတ်မြောက်ရေးအတွက်ယနေ့တောင်းဆိုလိုက်
သည်ဟုသတင်းရရှိသည်။
မော်ဒိုဗ်သမ္မတမိုဟာမက်နာရှက်က ကုလသမဂ္ဂအထူးသံအီဘရာဟင်ဂမ်ဘာရီ ထံသို့ ပေးစာတွင်
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးမှာ ယဉ်ကျေး
သောကမ္ဘာအတွက် မဖြစ်မနေပေါ်ထွက်လာရမည့် ရလာဒ်တစ်ခုသာဖြစ်ကြောင်း ရေးသားထား
သည်ကို မော်ဒိုဗ်သတင်းဌာနတခုဖြစ်သည့် MINIVAN NEWS တွင်ဖေါ်ပြထားသည်။
၂၀၀၈ခုနှစ်အောက်တိုဘာလမော်ဒိုဗ်နိုင်ငံ၏ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတါင်အနိုင်ရရှိကာ
နိုင်ငံရေးအကျဉ်းသားဟောင်းမှသမ္မတဖြစ်လာသူမိုဟာမက်နာရှက်ကသူကိုယ်တိုင်လည်းနိုင်
ငံရေးအကျဉ်းသားဟောင်းဖြစ်ခဲ့ဖူးသည့်အတွက် မြန်မာနိုင်ငံရေးအကျဉ်းသားများ၏ဘ၀ကို
ချင်းစာနာလည်ကြောင်းနှင့် ဆိုးရွားလှသောမြန်မာအကျဉ်းထောင်များရှိနိုင်ငံရေး အကျဉ်း
သားမျာ၏ဘ၀ကိုလည်း နားလည်စာနာမိပါကြောင်းဖေါ်ပြထားသည်။
http://longwalktofreedom.wordpress.com
No comments:
Post a Comment