သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။

Sunday, February 22, 2009

ကျနော်တို့ ၏ ရဲဘော် (၃) ဦးခွေးဆွဲသွားခဲ့

ကျနော်တို့ ၏ ရဲဘော် (၃) ဦးခွေးဆွဲသွားခဲ့သည်..............


14 ရက်နေ့ မနက် (၆)နာရီခန့်တွင် ..............ခွဲဆွဲခြင်းခံခဲ့ရသည်။။။။။။။။။။။။
ကိုအောင်ထက်မင်း၊ကိုစိုးမင်းထိုက်နှင့်ကိုကျော်ဇင်နိုင် ...............တို့ကို မတရား ဖမ်းဆီး ပြီး
မြောက်ဥက္ကလာပ မြို့နယ် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။. အဲ့ဒီမနက်မှာပဲ ............... မြို့နယ် ရဲစခန်းအထူးအချုပ်သို့ပြောင်းရွေ့ခဲ့သည်။ ရဲစခန်းမှ (မ၀တ)ရုံးကို 12 နာရီခွဲတွင်ပြောင်းရွေ့ခေါ်ဆောင်ခဲ့သည်။
ဖမ်းဆီးရာတွင်............... မြောက်ဥက္ကလာပမြို့နယ် (ည)ရပ်ကွက် ဥက္ကဌနှင့် (ဈ )ရပ်ကွက် ဥက္ကဌ ကိုမြင့်သိန်းအပါအ၀င်...............
စွမ်းအားရှင်၊ မီးသက်၊ကြံဖွက်၊ ကြံခြေနီ၊အဖွဲ့သားများနှင့် ရပ်ကွက်လုံခြုံရေးတာဝန်ခံများက မတရားအတင်းအားဓမ္မ ဖမ်းဆီးခဲ့သည်ဟု
မျက်မြင်သက်သေတစ်ဦးမှပြောဆိုခဲ့သည်။ (မ၀တ) ရုံးသို့ခေါ်ဆောင်ရန် အချုပ်ကားပေါ်သို့အင်မှာ .......... ကိုအောင်ထက်မင်း၊နှင့် ကိုကျော်ဇင်နိုင်တို့မှာ လမ်းမလျှောက်နိုင်သဖြင့် တွဲခေါ်ရတဲ့အဆင့်ရောက်ခဲ့သည်။ မ၀တ ရုံးသို့ရောက်သောအခါ ၀ိုင်း၍
မတရား ထိုးကြ ရာ၌ ကိုစိုးမင်ထိုက်မှာ ဦးခေါင်းကွဲ၍ ၆ ချက်ကျော်ကျော်ချုပ်လိုက်ရသည်ဟု မ၀တ ရုံး ဆေးခန်းမှ အမည်မဖေါ်လိုသူတစ်ဦးမှပြောဆိုခဲ့သည်။
ယနေ့ ၂၂ ရက်နေ့တွင်. ............. ရန်ကုန် ထောက်ကြံ တပ်ရင်း (၃)စခန်းသို့ ဤ သုံးဥိးအားပို့ဆောင်ခဲ့သည်ဟု နောက်ဆုံးသတင်းရရှိခဲ့သည်။

(ဓါတ်ပုံနှင့်တကွမဖေါ်ပြနိုင်သည် အတွက်ခွင့်လွတ်ပါ)

Type the rest of your post here.

No comments: