သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။

Wednesday, January 21, 2009

မြောက်ဥက္ကလာပမြို့နယ်၊ ရိုးရာပန်းပညာရှင်များ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ မြို့နယ်၊ ဇမ္ဗူအေး ကျောင်းတိုက်၊ မြတ်မင်္ဂလာကျောင်း ဆရာတော် သဒ္ဓမ္မဇောတိကဓဇ အရှင်သြဘာသ ဦးဆောင် စီစဉ်ပြီး မြောက်ဥက္ကလာပ မြို့နယ်၊

ရိုးရာပန်းပညာရှင်များ အစည်းအရုံးမှ ပါဝင် ကူညီလျက် မြို့နယ် အတွင်း ပန်းချီပညာရပ် တိုးတက်စေရန်၊ တစ်ဦးနှင့်တစ်ဦး နွေးနွေးထွေးထွေး ချစ်ခင် စည်းလုံးမှု ရှိစေရန် အတွက် ရည်ရွယ်၍ ပန်းချီ ပညာရှင်များ၏ လက်တွေ့ ရေးဆွဲပွဲ တစ်ခုကို ယနေ့နံနက် (၉)နာရီက အဆိုပါ ကျောင်း၌ ကျင်းပ ပြုလုပ်သည်။ မော်ဒယ်ပုံစံပြ ကိုရင်ငယ် နှစ်ပါးကို စင်ပေါ်၌ သရုပ်ပြ ထိုင်ခိုင်းပြီး ပန်းချီ ပညာရှင်များက လက်တွေ့ ရေးဆွဲကြသည်။ ထိုသို့ ရေးဆွဲကြရာတွင် ပန်းချီပညာရှင်များ အပြင် ဆရာတော် အရှင် သြဘာသ ကိုယ်တိုင် ပါဝင် ရေးဆွဲပြီး ဝါသနာရှင် ကျောင်းသား၊ ကျောင်းသူလေးများ၊ ရဟန်း၊ ကိုရင်များလည်း ဝင်ရောက် ရေးဆွဲကြသည်ကို တွေ့ရသည်။ မီးဆလိုက် ထိုးမှုဒဏ်၊ ညောင်းညာမှု ဒဏ်ကြောင့် အထိုင်မငြိမ်သည့် သရုပ်ပြ ကိုရင်နှစ်ပါးကို ချော့မော့ နှစ်သိမ့်ရင်း ဆရာတော်က (၁၅)မိနစ်တစ်ကြိမ် နားခွင့်ပြုပြီး ရေးဆွဲကြရသည်။ နံနက်(၁၁)နာရီ အချိန်တွင် ပန်းချီ ရေးဆွဲခြင်း ခေတ္တနားပြီး နေ့လယ်စာကို ဆရာတော့်ကျောင်းက တည်ခင်း ဧည့်ခံ ကျွေးမွေးရာ လူအင်အား (၄ဝ)ကျော်စာ ဘူးသီးကြက်သား အချိုအချက်၊ ငံပြာရည် ဖျော်ရည်နှင့် အတို့အမြှုပ် စသည့် ဟင်းများဖြင့် ပန်းချီဆရာများ ခံတွင်း မြိန်ခဲ့ကြသည်။ ပန်းချီဆရာကြီး သပြေမြင့်သိန်းက'' မြို့နယ် လှုပ်ရှားမှု တစ်ရပ် အနေနဲ့ ဒီပန်းချီ လက်တွေ့ ရေးဆွဲပွဲဟာ ပညာရှင်၊ ဝါသနာရှင်တွေ အတွက် အင်မတန် ကောင်းမွန်သော ရည်ရွယ်ချက် ဖြစ်ပါတယ်။ ဖြစ်တောင့်ဖြစ်ခဲ ခုလို ပွဲလေးတွေကို မကြာခဏ ပြုလုပ်သင့်တယ်။ အင်မတန် ဂုဏ်ယူစရာလည်း ကောင်းပါတယ်''ဟု အားရ ကျေနပ်စွာ ပြောပြသည်။ ရေးဆွဲပွဲ ဖြစ်မြောက်ရေး အတွက် တာဝန်ရှိ ပန်းချီဆရာ တစ်ဦးကလည်း '' ဒီပွဲလေး ဖြစ်မြောက်ဖို့ ကျွန်တော်တို့ အတော် အားထည့်ရပါတယ်။ ပင်ပန်းရကျိုးလည်း နပ်လို့ ဆရာတော်ကို အထူး ကျေးဇူး တင်ပါတယ်။ ရေးဆွဲပွဲကို တက်ရောက် အားပေးရေး ဆွဲကြတဲ့ ပန်းချီ ပညာရှင်၊ ဝါသနာရှင်များ ကိုလည်း အထူး ကျေးဇူး တင်ပါတယ်။ နောင်လည်း အခုလို ပွဲမျိုး မကြာခဏ ပြုလုပ်ပါဦးမယ်''ဟု ဝမ်းသာ ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် မွန်းလွဲ (၂)နာရီတွင် ရေးဆွဲမှု အဆုံးသတ်ခဲ့ပြီး ပန်းချီကား အရွယ်အစားမှာ (၁ ၁/၂ x ၂) ပေဖြစ်၍ ဆီဆေး၊ ရေဆေး၊ အခရိုင်းလစ်၊ ခဲ၊ မင်ခြစ်၊ ပယ်စတယ်၊ စသည်များဖြင့်
(လျှပ်တပြတ်)

No comments: