ဒီတိုင်းပြည်ရဲ့ လွတ်လပ်မှုက
ရဲဘော်သုံးကျိပ်နဲ့စတယ်
မိုငထောင်ချီခရီးက
ခြေတလှမ်းကစတယ်
ဆာဗီးယား တော်လှန်ရေးက
လူ ၇ ယောက်နဲ့စတယ်
ငါတို့ရဲ့ တော်လှန်းရေးက
ဖိနှိပ်မှုတွေကစတယ်
ဆင်းရဲမှုတွေ ဖြစ်ရခြင်းက
အုပ်ချုပ်ရေးညံ့သူတွေကစတယ်
ရက်စပ်စွာနှိမ်နှင်းမှုတွေက
အာဏာမက်မောမှုကစ
ပညာမဲ့ လူတန်းစားဖြစ်ရခြင်းက
ဝင်ငွေမလောက်ငမှုကစတယ်
လွတ်လပ်ခြင်း အရသာက
မလွတ်လပ်ခြင်းအရသာက စတယ်
သူရဲကောင်း တွေရဲ့မိခင်မျက်ရည်ကျတာက
ထောင်ဝင်စာ ၀င်တွေ့ချိန်မှစတယ်...................
(နေမ၀င်ခင်ထမင်းချက်ကြစို့)
နေကျော်လင်း
No comments:
Post a Comment