မပြေလည်ခြင်းနေ့ရက်တွေကို ပွေ့ဖက်ထားရတာလည်း
နှစ် နှစ်ဆယ်ကြာခဲ့ သွေးနဲ့ရေးတဲ့စာမျက်နှာတွေပေါ်
ငြင်းခုန်ခြင်းတွေနဲ့ ညှိုရော်လို့ အာဏာရှင်ကိုပျော်စေတော့မလား
မတရားမှုကောင်းကင်အောက်က ယုံကြည်ချက်စိုက်ခင်းတွေဟာလည်း
မညီညွတ်ခြင်းတွေနဲ့ ခြောက်ကပ်လို့
ကျားကိုအတောင်ပံ တပ်ပေးတော့မှာလား
ညီအကိုတို့ရယ်...အမေ့မျက်နှာကိုကြည့်ကြပါဦး
ညီအကိုတို့ယ်.....စွန့်လွှတ်ခဲ့တာကိုငဲံ့ညှာပါဦး
ညီအကိုတို့ရယ်...၆၅ နှစ်ခံရသူတွေကို ထောက်ထားပါဦး
ဝိညာဉ်တွေသာစကားပြောခဲ့မယ်ဆိုရင်
ဒုတိယမြောက်လွတ်လပ်ရေးမရခင် အမျှမဝေချင်ပါနဲ့
ငါတို့နဲ့ပူးကပ် သွေးကြွေးဆပ်ပါရစေဦးတဲ့
ဒီလိုနဲ့ ရန်သူရဲ့ရက်စက်တဲ့ခြေလှမ်းတွေက
ခက်ကြမ်းကြမ်းနင်းလို့ ၂၀၀၉ ကို ချဉ်းကပ်
ပြည်သူ့ဆန္ဒကို နင်းသတ်တော့မယ်
ညီအကိုတို့ရေ အင်တာနက်စစ်မျက်နှာကိုအဆုံးသတ်
ခါးတွေမတ်မတ်ရပ်ကြတော့
ရင်ဘက်တွေကိုဖွင့်ကြတော့
မညီတဲ့လက်တွေ တွဲကြတော့
ဒါမှ...တီးသူမဲ့စန္ဒယား ၂၀၀၉ မှာအသံကြားရမှာ....။
နှစ် နှစ်ဆယ်ကြာခဲ့ သွေးနဲ့ရေးတဲ့စာမျက်နှာတွေပေါ်
ငြင်းခုန်ခြင်းတွေနဲ့ ညှိုရော်လို့ အာဏာရှင်ကိုပျော်စေတော့မလား
မတရားမှုကောင်းကင်အောက်က ယုံကြည်ချက်စိုက်ခင်းတွေဟာလည်း
မညီညွတ်ခြင်းတွေနဲ့ ခြောက်ကပ်လို့
ကျားကိုအတောင်ပံ တပ်ပေးတော့မှာလား
ညီအကိုတို့ရယ်...အမေ့မျက်နှာကို
ညီအကိုတို့ယ်.....စွန့်လွှတ်ခဲ့
ညီအကိုတို့ရယ်...၆၅ နှစ်ခံရသူတွေကို ထောက်ထားပါဦး
ဝိညာဉ်တွေသာစကားပြောခဲ့မယ်ဆို
ဒုတိယမြောက်လွတ်လပ်ရေးမရခင် အမျှမဝေချင်ပါနဲ့
ငါတို့နဲ့ပူးကပ် သွေးကြွေးဆပ်ပါရစေဦးတဲ့
ဒီလိုနဲ့ ရန်သူရဲ့ရက်စက်တဲ့ခြေလှမ်းတွေက
ခက်ကြမ်းကြမ်းနင်းလို့ ၂၀၀၉ ကို ချဉ်းကပ်
ပြည်သူ့ဆန္ဒကို နင်းသတ်တော့မယ်
ညီအကိုတို့ရေ အင်တာနက်စစ်မျက်နှာကိုအဆုံးသတ်
ခါးတွေမတ်မတ်ရပ်ကြတော့
ရင်ဘက်တွေကိုဖွင့်ကြတော့
မညီတဲ့လက်တွေ တွဲကြတော့
ဒါမှ...တီးသူမဲ့စန္ဒယား ၂၀၀၉ မှာအသံကြားရမှာ....။
ဇော်မြင့်
(မေးလ်တစ်ခုမှကူးယူ)
No comments:
Post a Comment