အမေ………
ဒီမြေရေမှာ ကြီးတယ်
ဒီအာဏာဆက်ရှည်ဖို့
ပြည်သူတွေကို သတ်သင့်လား…….
အမေ………
ဘုန်းကြီးတွေကိုရိုက်
မင်းမဲ့စရိုတ်တဲ့
ခေါင်းဆောင်တွေနောက်
ဆက်မလိုက်ရဲအောင်
ထောင်ဒဏ်တွေချသင့်လား….
အမေ…
နေစရာမဲ့
မုန်တိုင်းခတ်တော့
လူတိုင်းအခက်မှာ
ထောက်ခံမဲ့တည့်ခိုင်းသင့်လား………
အမေ
မတော်မရာ
ဒီအာဏာကိုမက်မော
သူတို့ခုပြော
ဒီမိုကရေစီ သဘောဆိုတာ
ဘာလဲလို့ မမေးသင့်ဘူးလား………..
ငြိမ်းတေဇ
No comments:
Post a Comment