သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။

Monday, December 1, 2008

တစ်လင်နေလည်းပွေးနဲ့ တစ်လင်နေလည်း ကြွေးနဲ့

တစ်ခါတုန်းက တောရွာတစ်ရွာမှာ မကြိုင်ဆိုတဲ့ အပျိုကြီးတစ်ယောက်ရှိတယ်။သူဟာအသ်သုံးဆယ်အထိ အိမ်ထောင်မပြုသေးဘဲ မိဘများနဲ့အတူ တောင်သူ လုပ်ကိုင်စားသောက်နေတယ်။ အပျိုကြီးဟ ရုပ်ချောတယ်၊သဘောကောင်းတယ်။သူ့ကိုလိုချင်သူတွေလည်း ပေါတယ်။ဒါပေမဲ့ သူအိမ်ထောင်မပြုချင်သေးလို့အပျိုကြီးဘ၀နဲ့နေတာဖြစ်တယ်။
တစ်ခါတလေအမိလုပ်သူကဟဲသမီး ညည်းအဖေနဲ့ငါဟာ အရွယ်ကကြီးလှကြပြီ၊ဒီတော့ ညည်းကအိမ်ထောင်နဲ့ဖြစ်ဖို့ကောင်းပြီ သီးချိန်တန် သီး ပွင့်ချိန်တန်ပွင့်ရမယ်။ညည်းအရွယ်နဲ့ဆိုရင် အိမ်ထောင်လည်း ထိန်းတက်ပြီပဲ၊ဘယ်နှယ်တုံးအိမ်ထောင်ပြုတော့ မယ်မဟုတ်လား လို့နားချတယ်။
ဒီတော့ အပျိုကြီးက အို အမေရယ်ဒိလောက်တောင်ဘာလို့ပြောပြောနေရတာတုံး အိမ်ထောင်ပြုတယ်ဆိုတာ လွယ်တာမှမဟုတ်ဘဲ၊ အပျိုကြီးဘ၀နဲ့နေရတာပဲ ပျော်တယ်၊အိမ်ထောင်ပြုဖို့စိတ်မကူးသေးပါဘူး လို့ပြန်ပြန်ပြောတက်တယ်။
ဒီလိုနဲ့ အပျိုကြီးအိမ်ထောင်မကျခင်မှာဘဲ အသ်ကအရွယ်ကြီးရင့်ကြပြီးဖြစ်တဲ့ အပျိုကြီးရဲ့ မိဘများဟာ ရှေ့ဆင့်နောက်ဆင့်ကွယ်လွန် သွားကြတယ်။
အပျိုကြီးဟာသူမိဘများ ကွယ်လွန်သွားတဲ့နောက်မှာလည်းတစ်ယောက်တည်းပဲ မိဘလက်ငုတ် တောင်သူ လုပ်ကိုင်စားနေတာပဲ။ အိမ်ထောင်မပြုသေးဘူး။ဒါနဲ့ အိမ်နီးနားချင်းတွေက အပျိုကြီးမကြိုင်ကို အိမ်ထောင်ပြုဖို့ ပြောလာကြတယ်။ ဒီလိုပြောတဲ့အခါအပျို ကြီးဟာ အမေတို့ အဖေတို့ကလည်း ငါ့ကို တင့်တောင်းတင့်တယ် အိမ်ထောင်နဲ့ မြင်သွားချင်ကြတယ်၊ခုငါ့မိဘများ ကွယ်လွန်သွားပြန်တော့လည်း အရပ်က အိမ်ထောင်ပြုစေချင်ကြတယ်၊ပြိးတော့ငါ့မှာ မွေးချင်းပေါက်ဖော်ကလည်း ငါတစ်ယောက် တည်း ဒီတော့အိမ်ထောင်ပြုတာပဲ ကောင်းမယ်ထင်တယ်၊ဒါပေမဲ့ အိမ်ထောင်ဖက်က ငါ့ကို ကြင်နာမှ ကြင်နာပါမလား လို့စဉ်းစားတယ်။
အပျိုကြီးဟာ အဲဒီလို စဉ်းစားမိတဲ့ အချိန်ကစပြီး အိမ်ထောင်ရေးကိုပဲ တွေးနေတယ်။ ဒီလိုတွေးနေခဲ့ရာက တစ်နေ့တော့ အိမ်ထောင် ပြုဖို့ဆုံးဖြတ်လိုက်ပြီး သူတို့ရွာထဲက ကိုတွတ် ဆိုသူနဲ့ ရပ်ရွာလူကြီးများရှေ့တွင် ပေါင်းသင်းနေထိုင်လိုက်တယ်။ ရွာသူရွာသားတွေ ကလည်း အပျိုကြီးမကြီုင်ယောင်္ကျားယူလိုက်လို့ တင့်တောင်းတင့်တယ် ဖြစ်သွားပြီဆိုပြီး ၀မ်းသာကြတယ်။ ဒါပေမဲ့ သိပ်မကြာပါဘူးကိုတွက်မှာ ၀ဲတွေ၊ပွေးတွေနဲ့ရောဂါတွေပါလာတယ်ဆိုပြီး မကြိုင် ကမပေါင်းတော့ဘဲ ကွာပစ်လိုက်သတဲ့။
မကြိုင်ဒီလိုလုပ်လိုက်တာကို သဘောမကျကြဘူး။ရွာကအပြစ်တင်ကြပြန်တယ်။ဒီတော့လည်း မကြိုင်ဟာ တစ်ရွာက လူတစ်ယောက်နဲ့ အိမ်ထောင်ပြုပြန်တယ်။တော်တော်ကလေးပေါင်းမိတဲ့ အခါနောက်လင်မှာလည်း ကြွေးတွေပါလာတာကို သိရပြန်တယ်။ ဒါနဲ့ မကြိုင်ဟာ အင်း ငါ့မှာ တစ်လင်နေလည်း ပွေးနဲ့၊တစ်လင်နေလည်း ကြွေးနဲ့၊အစကလို ယောင်္ကျားမယူဘဲ နေမိရင် အကောင်း၊သား လို့ညည်းညူးပြီး နောက်လင်ကိုလည်း ကြာကြာမပေါင်းဘဲ ကွာပစ်လိုက်ပြီ တစ်ကိုယ်တည်းနေတော့သတဲ့.....


(ဒီပုံပြင်လေးကို ဆရာ လူထုဦးလှ မြန်မာပုံပြင်များစာအုပ်ထဲမှကူးယူခဲ့သည်)

(မကြိုင်ဟာ အိမ်ထောင်ထက်မပြုပဲနေတော့ရော အဆင်ပြေလား ကွန်မန်းလေးပေးခဲ့နော် )

No comments: