သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။

Sunday, November 23, 2008

ခွဲခွါချိန်

ထောင်တွေလဲကျခဲ့
လမ်းတွေလဲပျေက်ခဲ့
ငတ်တလှည့်ပျတ်တလှည့်

အမတွေလဲ ငိုခဲ့
ပုလင် ပင်လယ်ဝေတဲ့
ညတွေများခဲ့တယ်...

မျိုးချစ်သားကောင်း
သားစိုးဘဝ
လမ်းပျောက်နေတဲ့ ငှက်ငယ်တစ်ကောင်ဘ၀လား........

ဘယ်နေရာကို
ဘယ်လိုသွားရမလဲ.........
လက်နှတ်ကိုင်လဲ (M16)ကိုအားနာမိတယ်လေ............

ငြိမ်းချမ်းတော့လဲ
လက်ငြောင်းတာ အဖတ်တင်
ပဲဟင်းနဲ့ ငါးပိရည်
အင်အားလုပ်ခါ
ဘ၀ကို အသက်မွေး

အင်္ကျီကို ခေါင်းဦးလုပ်
ပုဆိုးကိုစောင်လုပ်ရတဲ့ဘဝ
နာလိုက်တာကွာ...........

မဲဆောက်မှာ
တဲပျောက်တဲ့ဘဝ
အသဲလဲပျောက်ခဲ့
အလဲလည်းမှောက်ခဲ့

ငါ့ကို ဆေးလိပ်တစ်လိပ်လောက်တော့ တိုက်ပါ

1 comment:

Dream said...

အငတ်...ဆေးလိပ်မရှိတော့ဘူး.. အခုပဲ
ကုန်သွားတယ်.. သောက်ချင်ရင် ဟိုလမ်းထိပ်က
ကွမ်းယာဆိုင်က ၀ယ်သောက်လေ.. ဟတ်ဟတ်