သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။

Sunday, November 23, 2008

စောင့်နေသူ

ညတစ်ညမှာ ဘယ်သူက
ဘယ်သူ့ ကို ဘယ်နေရာမှာ
ဘယ်လို စောင့်နေရတယ်ဆိုတာကို
ဘယ်သူ့ ကမှမသိဘူး...........

ချိန်းထားတဲ့ နေ့က
တကယ်တော့ လပြည်ညနေပိုင်း
ရောက်မလာတာက သူပေါ့...

စောင့်နေသူက ဘာလဲ
ရင်ကိုခွဲခဲ့
လွမ်းမီးတွေနဲ့ ထိုင်စောင့်နေရလို့ 
စောင့်နေတဲ့ နေရာမှာ ခြေရာထပ်နေပေါ့
မျှော်လင့်ချက်လေလွင့်..

မင်းအချစ်က ထားခဲ့တာပဲလား
တို့ ရဲ့ အိပ်မက် ကဘယ်မှာလဲ
မိုးရွာထဲမှာ ထိုင်စောင့်သူပေါ့
ရန်ကုန်မြို့ ကောင်ကင်မှာ
ဒီမိုးတွေသဲနေပေါ့...
တခါတုန်းက ငါရဲ့ အသဲက
မင်းလေးလဲဆို
ဒါကသတ်သေ
ငါရဲ့ ကဗျာတွေက အမှန်ပါ
ပြန်မဆုံနိုင်တော့ဘူးဆိုတာတွေကို သိနေတယ်လေ
လွယ်လွယ်နဲ့ မေ့ဖို့ မလွယ်လို့ 
ငါမမေ့တာ
ငါရဲ မျက်ရည်တွေက မိုးထဲမှာမပျောက်ဘူး
ငါအချစ်ကို ဘာနဲ့ ခွဲခဲ့ တာလဲ
ရန်ကုန်မှာ ရွာတဲ့မိုး
အခု ဘယ်မှာ ရွာနေလဲ
လွမ်းတယ်အဝေးရောက်ချစ်သူ…………………………………………….

နေကျော်လင်း
၂၅.၇.၂၀၀၈

No comments: