သာယာလှပတဲ့ နေ့ လေးတစ်နေ့ မှာပေါ့နှလုံးသားဒဏ်ရာတစ်ပွေ့ တစ်ပိုက်နဲ့ ကောင်လေးတစ်ယောက်ရယ် ၊ ကန်ကြီးတစ်ကန်ရယ် ၊ ထိုင်ခုံတန်းလျားလေးတစ်ခုရယ်ပေါ့ ။ ကောင်လေးရဲ့မျက်ဝန်းတွေကမျက်ရည်တွေဟာ
တဖွဲကျလာတဲ့ မိုးနဲ့ အပြိုင်စီးဆင်းနေတယ် ။ သူ့ ရဲ့မျက်ဝန်းတွေက ဟို………………အနောက်ဘက်မှာမေးတင်နေ
တဲ့ နေ၀န်းကြီးဆီကိုပေါ့…………………………………………………………………………………………..။
( ၁ )
သူတို့ နှစ်ယောက်နေ၀န်းကြီးကိုကြည့်နေတုန်းကောင်မလေးကနေပြီးတော့စပြောတယ် "ဟယ်တော့"
"မောင်"ကအရမ်းချောတာပဲတဲ့ သူကျွန်တော်ကိုစလိုက်တယ်။ကျွန်တော်သိတာပေါ့နောက်နေမှန်း နေကျက်ချိန်မှာ
ကြည့်ရင်အကျီးတန်တွေကရုပ်ချောတယ်တဲ့သူပြောတာပဲဟုတ်မဟုတ်တော့ကျွန်တော်လဲမသိဘူး ။ ( သူဆိုတာက
ကျွန်တော်နှလုံးသားရဲ့အရှင်သခင် "ဂျူး" ဆိုတဲ့ကောင်မလေးပါပဲ ) ကျွန်တော်လည်းပြန်ပြောလိုက်ပါတယ် "ဂျူး"
လည်းအခုချိန်ကြည့်၇င်အ၇မ်းချောတာပဲလို့ လေ…။သူနှုတ်ခမ်းလေးစူပြီးတော့စိတ်ကောက်ပြတယ်။ဒါကိုကျွန်တော်
ရယ်လိုက်တယ်။ဟုတ်တယ်လေသူစိတ်ကောက်ပြတာလေးကကျွန်တော့်အတွက်တော့သူ့ အပြုံးထက်မြတ်နိုးတယ်။
ကျွန်တော်သူ့ ပါးလေးကိုခပ်ဖွဖွလေးနမ်းလိုက်တယ်။ဟေး……ပြည့်ပြီတဲ့ကျွန်တော်ကဘာပြည့်တာလဲလို့ မေးတော့
ဒီနေ့ အဖို့ (၃) ပြည့်ပြီတဲ့၊အော်ဟုတ်သားပဲ။ဒါသူချမှတ်ထားတဲ့ကျွန်တော်အတွက်စည်းကမ်းဗျ၊အဲဒါကစည်းကမ်းနံ
ပါတ်( ၃ )လေ၊စည်းကမ်းနံပါတ်( ၁ )ကသူ့ လက်ကလေးကိုခဏခဏမကိုင်ရဘူးတဲ့၊ နံပါတ်( ၂ )ကသူ့ ကိုနှစ်ယောက်
တည်းရှိနေတဲ့အချိန်လွဲလို့ ကျန်တဲ့အချိန်တွေမှာဘယ်နေရာမှာမှသူ့ ပခုံးကိုမဖက်၇ဘူးတဲ့၊ ဒါသူချမှတ်ထားတဲ့ကျွန်
တော့်အတွက်စည်းကမ်းတွေပေါ့။ကျွန်တော်တို့ နှစ်ယောက်စကားပြောကောင်းနေတဲ့ အချိန်မှာပဲနေမင်းဟာအိပ်စက်
အနားယူနေပြီလေ။ကျွန်တော်တို့ နှစ်ယောက်နာရီကိုကြည့်လိုက်တော့ ညနေ(၆း၄၅)ဖြစ်နေပြီလေ။ကျွန်တော်တို့ နှစ်
ယောက်လုံးအိမ်ပြန်နောက်ကျနေပြီလေဒါနဲ့ ကျွန်တော်တို့ ကားဂိတ်ကိုအပြေးလေးလာကြတယ်။ကားဂိတ်ရောက်
တော့ကျွန်တော်ကပြောတယ် Taxi နဲ့ ပြန်မယ်လို့ ပြောတော့သူကဟင့်အင်းမပြန်ဘူးဒီအချိန်ဆိုလိုင်းကားကြပ်တယ်
လိုင်းကားပဲတိုးစီးမယ်တဲ့ ကျွန်တော်ဘယ်လိုနားလည်ရမှန်းကိုမသိတော့ဘူး။သူကကားကြပ်ရင်ဘယ်လက်တန်ကိုမှ
မကိုင်ဘူးလူကြားထဲမှာရပ်နေတယ်လေကားကယိမ်းရင်သူကလိုက်ယိမ်းတယ်။ဒါကိုသူကပျော်ဖို့ ကောင်းတယ်တဲ့ ။
ဒိလိုနဲ့ ပဲကျွန်တော်တို့ နှစ်ယောက်နောက်ကျစွာအိမ်ပြန်ရောက်ခဲ့တယ်………………………..။
( ၂ )
ဒီနေ့သင်္ကြကြပြီလေ၊ ဘာပဲဖြစ်ဖြစ်ကျွန်တော်လည်းသူများအတွဲတွေလိုချစ်သူနဲ့ အတူတူလည်ချင်တာပေါ့
ဒါပေမယ့်သူ့ ကိုခေါ်လည်းကျွန်တော့်အတွက်အကြောင်းပြချက်တွေပဲရတယ်၊ ဒီလိုနဲ့ ပဲကျွန်တော်စိတ်မပါတဲ့ကိုယ်
ထည်တစ်ခုနဲ့ သူငယ်ချင်းတွေနဲ့ အတူတူလိုက်လည်နေတယ်၊ ကျွန်တော်သူငယ်ချင်းတွေနဲ့ လည်ပြီးပြန်လာတော့သူ့ 
ကိုမတွေ့ ဘူး၊သူအိမ်ပြန်မရောက်သေးဘူးတဲ့ ကျွန်တော့်ရင်ထဲကမ္ဘာပျက်သွားတယ်။ဦးနှောက်မှာအတွေးပေါင်းစုံရှုပ်
နေပြီ….၊သူဘယ်သူနဲ့ သွားတာလဲဘယ်ကိုသွားတာလဲဘာလို့ ကျွန်တော်နဲ့ မလိုက်ရတာလဲ၊ သင်္ကြန်ရက်တွေသူဒီအ
တိုင်းပဲအပြင်သွားနေတယ်၊ဘာကြောင့်ကျွန်တော်နဲ့ မလည်ပဲအပြင်သွားနေရတဲ့အကြောင်းကိုကျွန်တော်နှစ်ဆန်း (၁)
ရက်နေ့ တွေ့ မှမေးမယ်လို့ စိတ်ထဲမှာပဲသိမ်းထားလိုက်တယ်။နှစ်ဆန်းတစ်ရက်နေ့ ကျွန်တော်ရွှေတိဂုံဘုရားမြောက်
ဘက်မုဒ်ကသူနဲ့ ဆုံနေကြနေရာလေးမှာစောင့်နေခဲ့တယ်။ကျွန်တော်နဲ့ ဂျူး ချိန်းထားတာမနက် (၈း၃၀) ပါဒါပေမယ့်
အခု( ၁၀း၄၅ )ဖြစ်နေပြီလေသူရောက်မလာသေးဘူး။ဒါနဲ့ ကျွန်တော်သူ့ ဆီကိုဖုန်းဆက်လိုက်တော့သူ့ အစ်မဖုန်းလာ
ကိုင်တယ်။ "ဂျူး" မရှိဘူးသူ့ သူငယ်ချင်းတွေနဲ့ အပြင်သွားတယ်တဲ့။ကျွန်တော့်ဒေါသတွေအုံးခနဲ ထသွားတယ်။ကျွန်
တော်ဟုတ်ကဲ့လို့ ပြောပြီးဖုန်းခွက်ကိုစောင့်ချလိုက်တယ်။ကျွန်တော်ဒါပေမယ့်မပြန်သေးပါဘူး။သူများသူငယ်ချင်းတွေ
နဲ့ များအတူတူလားမလားလို့ ပေါ့ကျွန်တော်စောင့်နေသေးတယ်။နေမင်းကအနောက်ဘက်ဆီကိုယိမ်းယိုင်ပြုနေပြီ ။
ကျွန်တော်နာရီကိုကြည့်လိုက်တော့ နေ့ လည် (၂း၃၅) တဲ့ ကျွန်တော်ဘာလုပ်ရမလဲကျွန်တော်လေးပင်စွာနဲ့ အိမ်ကို
ပြန်လာခဲ့တယ်။ " ဂျူး" တို့ အိမ်ရှေ့ရောက်တော့ "ဂျူး" ရယ်ပေါ့ဘယ်ကကောင်တွေမှန်းမသိတဲ့ သူတွေနဲ့ ရယ်မောပြီး
စကားတွေဖောင်ဖွဲ့ နေကြတယ်။ကျွန်တော်စိတ်ကိုဖြေရင်းနဲ့ အိမ်ပြန်လာပြီးအခန်းထဲဝင်အိပ်နေလိုက်တယ်။ ဒါပေမယ့်
အိပ်မပျော်ဘူးကျွန်တော်မျက်ဝန်းကမျက်ရည်တွေတလိမ့်လိမ့်န့ ကျလာတယ်….ဘာဖြစ်လို့ များကျွန်တော်မျက်ရည်
တွေကျရတာလဲမသိဘူးနော်။
( ၃ )
ဒီနေ့ ကျွန်တော်တို့ နှစ်ယောက်တွေ့ ကြတယ်။သူကကျွန်တော်ကိုအရင်ပြောတယ်စိတ်ညစ်ရမဲ့အရာဆိုမ
ပြောပါနဲ့ တဲ့ ကျွန်တော်ဘာပြော၇မှန်းကိုမသိတော့ဘူး "မောင် မပြောရင် ဂျူး စိတ်ချမ်းသာမှာလား" ဆို တော့ "အင်း"
တဲ့၊ သူကကျွန်တော့်ပါးစပ်ကိုစကားလုံးတွေနဲ့အရင်ကြိုပိတ်လိုက်တာကိုး။ကျွန်တော်လည်းချစ်သူ "ဂျူး" စိတ်ချမ်းသာ
အောင်မပြောပါဘူး။ချစ်သူလေးကျွန်တော်စကားကြောင့်စိတ်ညစ်မှာဆိုးလို့ ပေါ့ ။ ဒီလိုအဖြစ်မျိုးကျွန်တော်လပေါင်းများ
စွာဖြက်သန်းခဲ့ရတယ်။သူနဲ့ ကျွန်တော်နှစ်ယောက်တွေ့ ကြရင်ကျွန်တော့်ဘာသာကျွန်တော်ပျော်ရွှင်ခြင်းတွေကိုဖန်းတီး
ယူနေရတယ်။ သူ့ ဆီကပျော်ရွှင်ခြင်းတွေကိုကျွန်တော်မရရှိတာကြာပါပြီ။ဘာကြောင့် "ဂျူး" နဲ့ ကျွန်တော်ဒီလိုဖြစ်ရ
တယ်ဆိုတဲ့ အကြောင်းတရားကိုခုထိကျွန်တော်မသိရှိသေးတာတော့အမှန်ပါပဲ…………………………။
( ၄ )
ဒီနေ့ ကျွန်တော်နဲ့  "ဂျူး" ချစ်ကြတာ (၂)နှစ်ပြည့်တဲ့ နေ့ လေ။ "ဂျူး"ကိုလည်းကြိုပြောထားပါတယ်။ဒီနေ့ 
ဘုရားဖူးပြီးအပြင်လျှောက်လည်ကြမယ်လို့ လေ၊ကျွန်တော်ရွှေတိဂုံဘုရားမြောက်ဘက်မုဒ်ကဆုံနေကြနေရာမှာစောင့်
နေခဲ့တယ် "ဂျူး" နဲ့ ကျွန်တော်မနက် (၈း၀၀) ချိန်းထားတာပါ။အခုကျွန်တော်စိတ်ထဲမှာ ဂျူး လာရင်ဘယ်ကိုသွားမယ်
ဘယ်ကိုလျှောက်လည်မယ်၊ဘာတွေစားမယ်ဆိုတဲ့ပျော်စရာတွေကိုပဲစဉ်းစားနေတယ်။ကျွန်တော်နာရီကိုကြည့်လိုက်
တော့( ၉း၂၀ )ဖြစ်နေပြီလေ "ဂျူး" ရောက်မလာသေးဘူး။ဒါနဲ့ ကျွန်တော်လည်းသူနောက်ကြနေတယ်ထင်တာနဲ့ ဆက်
စောင့်နေမိတယ်။အချိန်တွေဘယ်လောက်ကြာသွားပြီလဲမသိဘူး၊ကျွန်တော်ဗိုက်ကခေါင်းလောင်းထိုးသံလေးတွေကြား
လို့ နာရီကိုကြည့်လိုက်တော့ ( ၁၀း၄၀ ) ဖြစ်နေပြီ၊ကျွန်တော်သိလိုက်ပါပြီ ဒီနေ့ လည်းမင်းမလာဘူးဆိုတာ၊မင်းမလာ
တိုင်းလေးတွဲစွာအိမ်ပြန်ခေါ်တတ်တဲ့ကျွန်တော်ခြေထောက်တွေနဲ့ အတူအိမ်ပြန်ခဲ့တယ်။အိမ်ပြန်ရောက်တော့အိပ်ခန်း
ထဲကခေါင်းအုံးလေးကကျွန်တော်ကိုခေါ်နေသလိုပဲမျက်ရည်တွေသုတ်ပေးဖို့ လေ……..ကျွန်တော့်ရဲ့မျက်ရည်ခံခေါင်း
အုံးလေးနဲ့ တူအိပ်စက်လိုက်တယ်…………………………………………..။
( ၅ )
ကျွန်တော့်နားထဲမှာအဖေနဲ့ အမေတို့ ရဲ့စကားသံတွေကြားနေရလို့ တိတ်တိတ်လေးနားထောင်လိုက်တော့
"ဂျူး" ကျွန်တော်ကိုစွန့် ခွာနေရတဲ့အကြောင်းအရင်းကိုသိလိုက်ရတယ်။ကျွန်တော်တို့ အိမ်စီးပွားအောက်ကိုထိုးစိုက်နေ
ပြီဆိုတာကျွန်တော်အခုမှသိလိုက်ရတယ်။ကျွန်တော်အဖေနဲ့ အမေကိုလဲစိတ်မကောင်းဖြစ်မိတယ်၊ "ဂျူး" ကိုလည်း
နာကျင်မိတယ်။ ကျွန်တော်အခုမှသိလိုက်ရတယ် ဂျူး ချစ်ခဲ့ တာကျွန်တော့်ကိုမှမဟုတ်တာကျွန်တော်အနောက်ကအ
ရာဝတ္ထုတွေပဲ။ကျွန်တော်နဲ့  ဂျူး နဲ့ မတွေ့ တာတောင် (၁)ပါတ်တောင်ရှိနေပြီ။သူငယ်ချင်းတွေကကျွန်တော့်ကိုစိတ်
ပြေလက်ပျောက်ဖြစ်အောင်ဆိုပြီးအပြင်လျှောက်လည်ဖို့ အတင်းခေါ်တာနဲ့ ကျွန်တော်တို့ အပြင်လျှောက်လည်ကြ
တယ်။ကျွန်တော်တို့ မီးပွိုင့်တစ်ခုကနေလမ်းဖြက်ကူးတုန်းကျွန်တော့်မျက်လုံးတွေပြာဝေသွားတယ်။ဘာကြောင့်လဲဆို
တော့ဇိမ်ခံကားတစ်စီးလေးအပေါ်မှာ ဂျူး ရယ်ပေါ့ရယ်မောပျော်ရျွှင်နေလိုက်တာများကျွန်တော်သူ့ ဆိကမမြင်ရတာ
ကြာနေပြီဖြစ်တဲ့အရာလေးပေါ့။ကားမောင်းတဲ့ ကောင်လေးကကျွန်တော်ထက်အလွန်းဆုံးအသက်ကြီးလှ ၂ နှစ်
လောက်တော့ရှိလိမ့်မယ်။ဒါကိုတွေ့ တဲ့ သူငယ်ချင်းတွေကကျွန်တော့်ကိုအတင်းဆွဲခေါ်သွားတယ်။ "ဂျူး"ရယ်မင်းရဲ့
အရင်ကစိတ်ဓာတ်လေးတွေဘယ်ရောက်သွားပြီလဲဟင်၊မင်းကအခုတော့ဇိမ်ခံပစ္စည်းတွေကိုတောင်မက်မောနေပြီနော်
အဲဒီနေ့ ကကျွန်တော့်နှလုံးသားကမ္ဘာလေးပျက်တဲ့ နေ့ ပါပဲ………………………………………။
ဒီနေ့ ကျွန်တော်နဲ့ ဂျူး သူငယ်ချင်းတွေချိန်ပေးလို့  ဂျူး ရောက်လာတယ်။ကျွန်တော်တို့ နှစ်ယောက်တစ်ယောက်နဲ့ တစ်
ယောက်စကားမပြောသေးပဲအချိန်အကြာီားရပ်နေတယ်။ခဏနေတော့ ဂျူး ကကျွန်တော်ကိုသေချာကြည့်တယ်ဒါကို
ကျွန်တော်စိတ်ထဲမှာ ဂျူး ကျွန်တော်ကိုနှုတ်ဆက်နေသလိုပဲ။ကျွန်တော်သူ့ ကိုမေးလိုက်တယ်။ "ဂျူး" ရင်ထဲမှာ "မောင်"
ရှိသေးလား…………..။သူအချိန်အကြာကြီးစဉ်းစားနေတယ်…..။ကျွန်တော်ခေါင်းညိတ်လိုက်မိတယ်အတော်ကြာတော့
သူဖြေတယ်။ ဂျူး တို့ လမ်းခွဲရအောင်တဲ့……………ကျွန်တော်နှလုံးသွေးတွေရပ်သွားတယ်ကျွန်တော့်ရင်ထဲလေးလ့တဲ့
အရာဝတ္ထုနဲ့ အဖိခံလိုက်ရသလိုပဲကျွန်တော်အသက်ရူတွေကြပ်သွားတယ်ဒူးတွေညွတ်ာကမတတ်ပဲ။ "မောင်" တို့ နှစ်
ယောက် (၂) ဆိုတဲ့အချိန်ကာလကြီးတောင်ချစ်ခဲ့တာပါ "ဂျူး" ရယ် "ဂျူး"ဘက်ကသံယောဇဉ်နှောင်ကြိုးလေးတစ်
ချောင်းတောင် မောင့် အပေါ်မှာမရှိတော့ဘူးလား ဂျူး ရယ်၊ လို့ ကျွန်တော်ပြောလိုက်တယ်။ ဂျူး ဘာမှမပြောဘူးငြိမ်
နေတယ်။ ဂျူး မောင့်ကိုသိပ်ရက်စက်တယ်ကွာလလို့ ကျွန်တော်ပြောရင်း မျက်ဝန်းကမျက်ရည်တွေစီးကျလာတယ်….
ဒါကိုသူမတွေ့ အောင်လို့ သိမ်းထားလိုက်တယ်။ ဒီလိုမိန်းမရှေ့မှာကျွန်တော်မျက်ရည်တွေမကျပြဘူး…။ငါ့ရင်ထဲမှာ နင်
မရှိတော့ဘူးတဲ့…..။နင့်တွေငါတွေတောင်သုံးနေပြီလား ဂျူး ရယ်………..။ "ဟုတ်တယ် ငါ့ ရင်ထဲမှာ နင့်အတွက်နေရာ
မရှိတော့ဘူး" လို့ ပြောပြီးသူထွက်သွားတယ်………………………။ ကျွန်တော်သူ့ ကျောပြင်လေးကိုကြည့်နေရင်း ဂျူး
ကျွန်တော်မြင်ကွင်းထဲကပျောက်သွားတဲ့ထိကျွန်တော်ကြည့်နေမိတယ် ဂျူး ကျွန်တော်မြင်ကွင်းထဲကပျောက်သွားတဲ့အ
ထိပေါ့……..။ကျွန်တော်ငေးနေမိတယ် ဂျူး များပြန်
လာမလားဆိုတဲ့အတွေးနဲ့ ပေါ့….ဒါပေမယ့်သူပြန်မလာပါဘူး….ကျွန်တော်ကိုထာ၀၇ကျောခိုင်းသွားတာပါ..ကျွန်တော်
ရပ်ကြည့်နေမိတယ်….ကျွန်တော်မြင်ကွင်းထဲက ဂျူး တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားတဲ့ အထိပေါ့…………………။
ကျွန်တော်အချိန်တွေဘယ်လောက်ကြာအောင်ရပ်ကြည့်နေမိမှန်းကိုမသိတာပါ…ကောင်းကင်ကမိုးစက်တွေစီးဆင်း
လာတယ်….ကျွန်တော်ရင်ထဲကနှလုံးသားအပူမီးတွေကိုငြိမ်းသက်ဖို့ ပေါ့..ကျွန်တော်မိုးနဲ့ အတူအချိန်တွေကြာအောင်
ရပ်နေမိတယ်……………………………………မိုးစက်တွေကလဲကျွန်တော်ရင်ထဲကအပူမီးတွေကိုသဲကြီးမဲကြီးငြိမ်းသက်
နေတယ်……..ကျွန်တော်နှလုံးသားမှာခ့စားမှု့ မရှိတော့အောင်ပေါ့………………………………………………………..
ဒီနေ့ ကျွန်တော်ဆေးခန်းပြရတယ်………..မိုးရွာတိုင်းမိုးနဲ့ အတူတူရှိနေတတ်တဲ့အတွက်ကြောင့်ပေါ့…သူကကျွန်တော်
အချစ်ဆုံးပေါ့ ၊ ကျွန်တော်နှလုံးသားဒဏ်ရာတွေကိုသ့ ရဲ့အေးချမ်းမှု့ တွေနဲ့ ပြေပျောက်စေခဲ့လို့ ပါပဲ……………………။
ကျွန်တော်ဆေးခန်းရောက်တော့ဆရာဝန်က အမေ့ကိုပြောတာကိုကျွန်တော်ကြားလိုက်မိတယ်……ကျွန်တော်အသည်း
.xxxxxxxxxxxxxxxxxxxxxxxxxxxx……….ဟာ…….ကျွန်တော်မျက်ဝန်းကမျက်ရည်တွေကိုအမေမတွေ့ အောင်သိမ်း
လိုက်တယ်၊အမေ့မျက်ဝန်းကမျက်ရည်တွေကိုတော့ကျွန်တော်မြင်နေရတယ်၊ ကျွန်တော်စိတ်ထဲအရမ်းဝမ်းနည်းသွား
တယ်………………………..အမေရယ်………………………………..။
( ၇ )
ကျွန်တော့်အတွေးစတွေပြက်တောက်သွားတယ်၊ အိပ်တန်းတက်ငှက်ကလေးတွေရဲ့အသံကြောင့်ပေါ့၊ ကျွန်တော်ငေးမောကြည့်နေတဲ့နေမင်းဟာလဲနှစ်ခြိုက်စွာအိပ်မောကြနေပါပြီ၊ ဒီရက်ပိုင်းကျွန်တော့်ကိုအိမ်ကဂရုစိုက်နေ
တဲ့ ကြားတည်းကနေကျွန်တော့်စိတ်တွေကိုထွက်ပေါက်ရှာခဲ့မိတယ်…..။အခုကျွန်တော်အိမ်ပြန်ဖို့ အချိန်ရောက်နေပါပြီ
ကျွန်တော်အသက် ၀ိညာဉ်မပါတဲ့ကျွန်တော့်ခြေထောက်တွေကိုအိမ်ပြန်ဖို့ အမိန့် ပေးလိုက်တယ်……………….။
"ဝေါ……………" ဆို တဲ့ အသံနဲ့ အတူတူကျွန်တော်အချစ်ဆုံးသူငယ်ချင်း "မိုး" ရောက်လာတယ်သူကကျွန်တော့်
အချစ်ဆုံးသူငယ်ချင်းဖြစ်သလိုကျွန်တော့်ကိုဒီလူ့ လောကကြီးကနေအပြီးပိုင်ဆွဲထုတ်သွားမဲ့သူလည်းဖြစ်တယ်။
ကျွန်တော်သဲကြီးမဲကြီူးရွာနေတဲ့မိုးထဲမှာလမ်းလျှောက်နေမိတယ်.၊ကျွန်တော်ခြေလှမ်းပေါင်းများစွာလှမ်းပြီးတဲ့အချိန်မှာ
….ကျွန်တော့်အမြင်တွေေ၀၀ါးလာတယ်….ဒါကျွန်တော့်အတွက်နောက်ဆုံးအချိန်များလားမသိဘူး…ကျွန်တော်အရမ
်းဝမ်းနည်းသွားတယ်……ကျွန်တော်အားတင်းပြီးလမ်းဆက်လျှောက်နေတယ်…ဒါပေမယ့်…..ကျွန်တော်အမျက်လုံးတွေ
ဘာကိုမှသဲကွဲစွာမမြင်ရတော့ဘူးကျွန်တော်အသိတွေလဲေ၀၀ါးနေပြီ……….ကျွန်တော်……………………………….။
( ၈ )
ပထမဆုံးကျွန်တော်တွေ့ လိုက်ရတာက မျက်နှကျက်အဖြူရောင်တစ်ခုပေါ့၊ေ၀၀ါးစွာနဲ့ တွေ့ လိုက်ရတာပါ
နောက်ထပ်တွေ့ ရတာကမျက်လုံးတွေအစ်နေတဲ့ အမေ့  မျက်နှာပေါ့…..ကျွန်တော်အရမ်းဝမ်းနည်းသွားတယ်
ကျွန်တော်ကြောင့်အမေစိတ်ဆင်းရဲနေရတယ်..နောက်ဆိုဘယ်တော့မှအမေကျွန်တော်ကြောင့်စိတ်မဆင်းရဲရတော့
ပါဘူးအမေရယ်…..ထာဝရပါပဲ၊။ ဒီအချိန်မှာငါတွေ့ ချင်တဲ့ သူတွေထဲမှာမင်းလဲပါတယ်ဆိုတာမင်းမသိဘူးလား "ဂျူး"
ရယ်….ငါဒီအခြေရောက်နေတာကိုမင်းများမသိလို့ လား ဂျူး ရယ်…….။ ကျွန်တော်သူ့ ကိုမျှော်နေမိတယ်သူများလာမ
လာလို့ ပေါ့။ ကျွန်တော်အမေနဲ့ သူငယ်ချင်းတွေကိုပြန်ကြည့်လိုက်တယ် အမေ့  မျက်ရည်တွေကကျွန်တော့်ပေါ်အ
ဆက်မပြက်ကျနေတယ်….ကျွန်တော်တို့ တကယ်ခွဲရတော့မှာလားအမေရယ်……ကျွန်တော့်ရင်ထဲဆို့ တက်လာတယ်
ကျွန်တော်အမြင်တွေေ၀၀ါးလာနေပြီ…….မင်းမလာသေးဘူးလား ဂျူး ရယ် ငါ့ရဲ့နောက်ဆုံးအချိန်မှာမင်းကိုအရမ်းတွေ့ 
ချင်တယ်ဆိုတာမင်းမသိလို့ များလားဟင်……ငါ့နှလုံးသားထဲကမင်းကိုထပ်ခါထပ်ခါခေါ်နေမိတယ် …….ကျွန်တော့်
ပါးစပ်ကစကားလုံးတွေကတော့ထွက်မလာတော့ပါဘူး……..မင်းအရမ်းရက်စက်တယ် ဂျူး ရယ်မင်းရက်စက်မှု မှာ
သရဖူဆောင်းသင့်တဲ့လူတစ်ယောက်ပဲ….ငါမင်းကိုအရမ်းတွေ့ ချင်နေတယ် ဂျူး ရယ်……ကျွန်တော်မျက်လုံးတွေဘာ
ကိုမှမမြင်ရတော့ဘူးတဖြည်းဖြည်းနဲ့ေ၀၀ါးလားနေပြီ။ ကျွန်တော့်နောက်ဆုံးအချိန်မှာမင်းကိုသာအတွေ့ ချင်းဆုံးပါကွာ
ကျွန်တော်အသိစိတ်တွေပျောက်လုနီးပါးဖြစ်နေပြီ………………………..ကျွန်တော်နောက်ဆုံးကြားလိုက်ရတာက…….
အမေ့ ရဲ့သား………………………ဆိုတဲ့ အသံနဲ့ သူငယ်ချင်း………………လို့ အော်ဟစ်သံတွေပါပဲ……………………..
ကျွန်တော်ကိုယ်ခန္ဓာကိုယ်ကမျော်လွင့်နေတယ်………………….ကောင်မေလေးတစ်ယေက်ရဲ့ဘေးနားကိုပေါ့……..
သူ့ နားမှာထာဝရ…………..အသည်းကွဲတစ္ဆေတစ်ကောင်အဖြစ်နဲ့ ပေါ့……………………………..ထာဝရပါပဲ………..။
ပြီး ပါ ပြီ
သူငယ်ချင်းတစ်ယေက်ရဲ့...ဖြစ်ရပ်မှန်လေးပါ...........ကျေးဇူးတင်ပါသည် ။
(ကျနော့်သူငယ်ချင်းပို့စ်သော မေးစ်မှ ရယူထားခြင်းဖြစ်သည် တင်ထားသည်မှာ ကူးယူခြင်းဖြစ်သည်...... ကျနော်သူငယ်ချင်း အဖြစ်အပျက်နဲ့တကယ်တူနေလို့ပါ )
ချစ်သော ငရဲ အတွက် မေတ္တာလက်ဆောင်..........
ငရဲ မင်းနဲ့ ငါ တနေ့ရာမှာ ပြန်ဆုံမယ်ဆိုတာ ယုံကြည်ပါတယ် ကွာ............ ချစ်ခင်စွာဖြင့်သားဆိုးလေး
No comments:
Post a Comment