သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။
Showing posts with label စာတို. Show all posts
Showing posts with label စာတို. Show all posts

Monday, June 18, 2012

One only dies once, and if one does not die well , a good opportunity is lost and will not present itself again.

လူတစ်ယောက်ဟာ တစ်ခါ သာသေရမယ်။ ကောင်းသော သေခြင်းမဟုတ်ရင် အခွင့်အရေး ကောင်းတခု ဆုံးရှုံးရသလို ၊နောက်တကြိမ်လည်း ရတော့မှာ မဟုတ်ပါဘူး။

There are no tyrants where there are no slaves.

မင်းဆိုးမင်းယုတ်မရှိတဲ့နေရာမှာ ကျေးကျွန်တွေဆိုတာလည်း မရှိပါဘူး ။



The youth is the hope of our future.

လူငယ်တွေဟာ ကျွန်တော်တို့ အနာဂါတ်ရဲ့  မျှော်လင့်ချက်တွေ ပါ......


Truth does not need to borrow garments from error.

အမှန်တ၇ားလုပ်သူသည် အမှားလုပ်သူတွေထံမှ အ၀တ်အစား ငှား ယူစရာမလိုပေ။





Friday, February 6, 2009

ငါတို့မြန်မာ

တစ်နေ့တော့ အာရှတိုက်တတိုက်လုံးရဲ့ ဆွေးနွေးပွဲလေးတစ်ခုမှာ............. အာရှနိုင်ငံတော်တော်များတက်လာကြ တယ်လေ...........အဲ့ဒီမှာ မြန်မာနိုင်ငံလဲပါဝင်တယ်လေ..............
သူတို့တတွေ အစည်းအဝေးလေးလုပ်ပြီး တော့။ အပန်းဖြေထွက်ဖို့ဆိုပြီး မြန်မာနိုင်ငံ သို့အလည်လာရောက်ကြ တယ်လေ........... ဗိုလ်ချုပ်မှူးကြီးအရာရှိကြီးတွေအများရှိပါလာကြတယ်လေ...........
စစဦးဆုံး ................

ရှရှားက ။ ။ စစ်ဗိုလ်တစ်ဥိးကနေ............ငါတို့နိုင်ငံက ထွက်တဲ့ချောကလတ်တွေ ဆိုပြီး ............. တက်ရောက်လာကြသော သူများကို ကျွေးတာပေါ..............
လူတော်တော်များများက ကောင်းတယ်လို့ပြောကြတယ်လေ...............
အဲ့ဒါနှဲ့ရှရှားက စစ်ဗိုလ်ကနေအဲ့ဒီချောကလက်တွေကို ရထဲကိုပြစ်လိုက်တယ်....................

တရုတ်က။ ။ စစ်ဗိုလ်လဲ မခံနိုင်တာနဲ့...........ငါတို့ဆီက ထုတ်တဲ့ ကျွေးတာပေါ့..............
လူတွေကလဲကောင်းတယ်လို့ပြောကြတယ်လေ.............
အဲ့ဒါနဲ့အဲ့မုန့်တွေကိုရေထဲပြစ်လိုက်ပြန်တယ်လေ.................ဘာလို့ပြစ်တာလဲလို့မေးတော့ ငါတို့ဆီမှာ အဲ့ဒါတွေပေါတယ်ကွ.........လို့ဖြေတယ်လေ.................

မြန်မာ။ ။ ဗိုလ်မှူးချုပ်ကြီးကနေမခံနိုင်သဖြင့်.....................သုံ့းပွင့် ဗိုလ်မှူးတစ်ယောက်ခေါ်ပြီး
ရေထဲကိုကန်ခြလိုက်တယ်။။။။။။။။။။။ လူတွေအံသြသွားကြတယ်လေ.............ငါတို့ဆီမှာ အဲ့လိုကောင်တွေပေါတယ်.ကွ.......................

Friday, January 2, 2009

အမျိုးသားရေးစိတ်နိုးထစေလော့

ဘာတွေလုပ်မယ် ဘာတွေလုပ်ရမယ်ဆိုတာတော့ အားလုံးအသိဖြစ်နေမယ်လို့ယုံကြည့်ပါတယ်လေ................
၂၀၁၀အတွက်အခြေအနေက ဆိုးရင်းဆိုးလာပြိလေ...............အချိန်မကျန်တော့ပါ


သခင်ဖြစ်အောင်သခင်လိုနေပါ...............
သခင်ဖြစ်ချင်ရင် ကျွန်စိတ်မမွေးကြနဲ့
ဗိုလ်ချုပ်ပေးခဲ့သော...........လွတ်လပ်ရေးသည် အခု
ခေတ်လွတ်လပ်ရေးမဟုတ်ပါ..............
လွတ်လပ်မှုကိုလိုလားသော ပြည်သူတွေအတွက်လွတ်လပ်မှုအပြည့်အ၀ရအောင်လုပ်ရမည်.............
အားလုံးတွင်တာဝန်ရှိသည်..................

Thursday, December 11, 2008

ကျေးဇူး


ရှမ်းပြည်လူ့အခွင့်အရေးအဖွဲ့မှ သားစိုးလေးသို့ ဂုဏ်ပြုမှတ်တမ်းပေးပို့သည်အတွက် အရမ်းကိုကျေးဇူးတင်ပါ .
တယ်.. ဆက်လပ်ကြိုးစားသွားပါမည်

Wednesday, December 10, 2008

ငါကွ

ဟိုရှေးရှေးတုံးက ရွာတစ်ရွာသူငယ်ချင်း (၃)ယောက်ရှိခဲ့သည်။မောင်ဖြူနှင့် မောင်အာကာရယ် မောင် မင်းထက်နိုင်ရယ်လို့ရှိခဲ့သည်။သူတို့သူငယ်ချင်းသည် သူတို့သူငယ်ချင်းဆိုတဲ့ အရာကို မပြောက်ကွယ်နိုင် ပေ. သို့ပေမဲ့ ကွဲခါရသည်။သူတို့ကွဲသွားခဲ့တော့ သူတို့အရမ်းအနီးဆုံးသူငယ်ချင်းဆိုတော့ တစ်ယောက်အကြောင်းတစ်ယောက်သိခဲ့ကြတယ်. သူတို့ သူတို့အချစ်ဆုံးသူငယ်ချင်းသုံးယောက်အကြောင်းကို ပဲနေ့တိုင်း ရွာတကါလှည့်ပြီးရှောက်ပြောနေကြတယ်လေ. သူတို့သူငယ်ချင်းတွေက ရင်ထဲမှာတော့ချစ်ကြတယ်. ခဏတာ မခံချင်လို့ပဲ သူငယ်ချင်းသုံးယောက်က ဘာအလုပ်မှမလုပ်ပဲ သူတို့ရဲ့သူငယ်ချင်းတွေ မကောင်း ကြောင်း တွေကို နေ့ရှိသမျှ ရှောက်ပြောနေတော့. တဖြည်းဖြည်းနဲ့ရွာထဲက လူတွေလဲ စိတ်ဓါတ်ကြလာတယ်. တကယ်တော့ သူတို့ယောက်ဟါ အလုပ်ကိုလဲကြိုးစားတယ်လေ.. သူတို့သုံးယောက် အလုပ်တစ်ခုလုပ်ရင် ဘယ်အရာမဆိုအောင်မြင်ကြတယ်လေ. ဒါပေမဲ့အခုအချိန်မှာ တော့ဘာအလုပ်မှမလုပ်ပဲ တစ်ယောက်ကိုတစ်ယောက် ဆိုးတဲ့အကြောင်းတွေပဲပြောခဲ့ကြတယ်......... တစ်နေ့တော သူတို့ အလုပ်လုပ်ထားတဲ့အိမ်က သူတို့ကိုပြန်ခေါ်ပြီးအလုပ်လုပ်ခိုင်းတယ်လေ. သူတို့သုံးယောက်က တွ့က်ကပ်လာတယ်လေ. အဲဒီတော့လုပ်မဲ့အလုပ်ကမပြီးတော့ဘူးပေါ့ .ပိုက်ဆံလဲမရဘူးလေ... တကယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်တိုင်တိုင်ပင်ပင်လုပ်မယ်ဆိုရင်အလုပ်တစ်ခါ ခဏတာအတွင်းအောင်မြင်လာမယ်လေ.. သူတို့တွေဟာ တစ်ယောက်ကိုတစ်ယောက် ဘာပဲလုပ်လုပ်အပြစ်ပဲပြောနေတယ်..... အဲ့ဒီတော့ သူတို့ မှာ မိုးရွာသီပေါ့........ ကောက်ရိပ်သိမ်းချိန်တွင် ..... ဘာမှလဲမရကြဘူး...သူတို့ရဲ့အလုပ်ရှင်ကလဲ သူတို့ကို မကြည်ဖြူတော့ခြေ ..သူတို့အလုပ်ရှင်လဲ....... ဘာမှမရလို့ အလုပ်တွေထင်သလောက်မပြီးတော့ စိတ်ညစ်ပြီးသူတို့ကို အပြစ်တင်ခဲ့တယ်ေ.လ........
သူတို့နောက်ဆုံးဘာများရခဲံပါသလဲ???
သူတို့ကိုဘယ်သူက ယုံမှာလဲ

Sunday, November 30, 2008

သူက င့ါသူငယ်ချင်းဖြစ်သင့်လား...............???

ကိုယ့်ဘ၀မှာ စိတ်တူကိုယ်တူ အမြဲပေါင်းသင်းတဲ့ သူငယ်ချင်း ဘယ်နှစ်ယောက် ရှိလဲလို့ လက်ချိုး ရေတွက်ကြည့်ဖူးပါသလား.. ? ကိုယ်နဲ့ အခုမှ ခင်မင်ရင်းနှီးပေမဲ့ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ ငယ်ပေါင်းလို ဘာမဆို ဖွင့်ပြော တိုင်ပင် မျှဝေလို့ ရနိုင်တဲ့ သူငယ်ချင်းကော ရှိဖူးလား...? ရှိတယ်ဆိုရင် တန်ဖိုးထား မြတ်နိုးပါ။

ကံတရားက ဆန်းကြယ်တယ်။
ကိုယ်မထင်မှတ်၊ မမျှော်လင့်တဲ့ အချိန်မှာ လူတစ်ယောက်ကို ကိုယ်ဆီ အရောက်ပို့လိုက်တယ်။ အဲဒီလူက ကိုယ်မျှော်လင့်နေတဲ့ အချိန်မှာ ရောက်မလာတတ်ဘဲ ရောက်လာတဲ့အချိန်မှာတော့ ကိုယ်က တန်ဖိုးထားရ ကောင်းမှန်း မသိခဲ့ဘူး။ ဒါကြောင့် ကိုယ်ဘေးပတ်ဝန်းကျင်က လူတွေကို တန်ဖိုးထားပါ။ သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ ချစ်သူရီးစားပဲ ဖြစ်ဖြစ်၊ မိသားစုပဲဖြစ်ဖြစ် တွေ့တုန်း၊ ဆုံတုန်း သူတို့ကို တန်ဖိုးထား မြတ်နိုးတတ်ဖို့ လိုပါလိမ့်မယ်။

ကံပါလို့ ငါတို့ တွေ့ဆုံကြတယ်။
ကံပါလို့ ငါတို့ ခင်မင်ကြတယ်။
ကံပါလို့ ငါတို့ စိတ်ကို ဖလှယ်ကြတယ်။
အတူနေတဲ့ တစ်စက္ကန့်လေးကို ငါတို့ တန်ဖိုးထားသင့်တယ်။
အခုလက်ရှိ အခြေအနေကို ပိုမြတ်နိုးသင့်တယ်။
ဒါမှ ဘ၀မှာ နောင်တဆိုတာ မရှိမှာ...

သူငယ်ချင်းဆိုတာ...
ချီးကျူး အားပေးစကား ပြောနိုင်တဲ့သူ ဖြစ်တယ်။
ဝေဖန် နှစ်သိမ့်မှုကိုလည်း ပေးတတ်တဲ့သူ ဖြစ်တယ်။

Friday, November 28, 2008

စားဖါးကြီးတွေ ဘာလုပ်နေကြလဲ.......... ??

စားဖါးကြီးဆိုတာက လူတော်တော်များများသုံးတက်တဲ့စကားလေးပါ..... ဒါပေမဲ့ကျနော့် လူတွေအများကြီးတဲ့သုံးတဲ့ စကားကို နောက်ထက်တစ်ခါ သုံးလိုက်ပါတယ်.ဗျာ......... မဲဆောက်မှာ နိုင်ငံတကာမှာစားဖါးကြီးတွေရှိနေတယ်လေ.........
သူတို့က လူတွေထက်ကြီးတယ်.... အသိညဏ်လဲကြီးတယ်... လူကြီးတွေဖြစ်တယ်ပေါ့ဗျာ.. ဘဒိန်းလဲပြေးတယ်... ရှောင်ပါနော်.... သူတို့ကမျက်စိလှင်တယ်...နောက်ပြီး စားဖါးတစ်ယောက်နဲ့တစ်ယောက်မတည့်ကြဘူးလေ..... အခုကျနော် ပြောချင်တာက ( ) က စားဖားတစ်ကောင်အကြောင်းလေ........ သူနာမည်နဲ့ သူ့ပုံစံတော့မပျောတော့ဘူးနော်. တကယ်လို့ သူက လူမှန်ပါဆိုရင် မဲဆောက်မှာ လူတွေအများဆုံးရှိတဲ့ (မြ၀တိ)ကလူတွေအများဆုံးလာတဲ့နေရာဖြစ်တဲ့ (ဟုန်လုံ)ဆို တဲ့ကုန်တိုက်မှာ အဲ့ဒိစားဖါးကြီးကိုတွေ့ရတယ် (တစ်ကြိမ်က(၁၁ရက်နေ့က)နောက်တစ်ကြီမ်က (၂၀)ရက်နေ့ကပေါ့ဗျာ .... နောက်ထက်တစ်ကြိမ်ကတော့ (သူကိုဒီနေ့ (ညနေ့ (၃ နာရီခွဲလောက်မှာ သိခဲ့တယ်လေ...... ဟဲဟဲ.. ဘာတွေလုပ်နေလဲ ဆိုတာကတော့ ကျနော်ဆက်ပြောပြမယ်နော်....... သူက ပထမအကြိမ်မှာ အင်္ကျီအဖြူဝတ်ထားတဲ့ အမကြီးသိမ့်တော့မကြီးသေးဘူေးလ.... သူကို (ထိုင်းဘတ် (၅၀၀၀)ထုတ်ပေးတာကို ကျနော်မြင်ခဲ့တယ်... နောက်တစ်ကြိမ်မှာ တော့ အဲ့လိုမဟုတ်တော့ဘူးပြောင်းသွားတယ်နော်.... ကျနော်က ပထမတကြီမ်ထဲက မကြေနပ်လို့လေ ဒုတိယတကြီမ်စောင့်နေတယ် ကျနော့်လဲ စောင့်ရတာကြာတော့ ဟုန်လုံကုန်တိုက်ထဲမှာ အအေးသွားဝယ်နေတော့ အဲ့ဒီစားဖားကြီးနဲ့တွေ့တယ်လေ... အဲ့ဒီလူက ကျနော့်ကိုမမြင်ဘူးလေ... သူကဒီတစ်ခါတော့ သူ စာအိမ်အဖြူရောင်ထဲကို ထိုင်းဘတ်မဟုတ်တော့ဘူး ကျနော်အထင်ပြောရင် အမေရိကန်ဒေါ်လာဖြစ်ဖို့များတယ်.. သူထဲ့တာ (၄၀၀) ကျော်ထဲ့တယ်လေ.. (၁၀၀)ရာတန် လေးရွက်ကိုမြင်ခဲ့ရတယ်... သူနောက်ပြီးအပြင်ထွက်သွားတယ် ကျနော် ကင်မတာ ဆိုင်ဘေးကနေစောင့်ကြည့်နေတယ်... အဲ့ဒီမှာ လာတဲ့ ကား (၂ခ/၃၁၇၈) ကါးအပြာလေးထဲကို အဲ့ဒိစာအိပ်ထဲ့ပေးလိုက်တယ်လေ... နောက်တစ်ကြီမ်ကတော့ဒီနေ့ပေါ့ ဟုန်လုံကုန်တိုက်နားမှာ (ဘဏ်လေးရှိတယ် .. မဲဆောက်မှာ နေတဲ့လူဆိုရင်သိပါလိမ့်မယ်နော်...ဟုတ်တယ်ဟုတ်) အဲ့ဒီဘဏ်ထဲကနေပိုက်ဆံထုတ်ပြီး အမျိုးသားနဲ့အမျိုးသမီး နှစ်ယောက် ကို ငွေပေးနေတာကိုတွေ့ခဲ့ရတယ်လေ.... သူကဘယ်သူလဲ ဘယ်ကလဲဆိုတာကိုတော့မသိဘူးလေ....
(တကယ်လို့အဲ့ဒီလူက မှန်မှန်ကန်ကန်လုပ်တယ်ဆိုရင် သူက ခေါင်းဆောင်တစ်ယောက်ဖြစ်နေတယ်လေ...နောက်တစ်ခု က မြ၀တီကါးကိုတင်ပေးလိုက်တာဟာ အဓိက ပြစ်ချက်ပါ... နောက်ပြိး သူကတကယ်လို့မှန်ကန်မယ်ဆိုရင် (PDC)နဲ့ဆက်သွယ်မယ်လေ.. နောက်ပြီးတခြား မြေအောက်လှုပ်ရှားသူတွေကိုထောက်ပံ့တဲ့ ရုံ့းတွေရှိနေတယ်လေ.. အဲ့ဒီရုံးက နေ ဆက်သွယ်မှာပေါ့ အခုလိုလုပ်တာဟာ တော်တော်လေးကို ဆိုးသွမ်းနေတယ်လေ...စားဖားကြီးတွေက အရှောင်အတိမ်းကလဲကောင်းတယ်လေ... ကျနော်လဲမပြောတက်တော့ဘူးလေ.... )
အိပ်ချင်လာပြိသူများအကြောင်းရေးနေရတာကြာလှပြီလေ... သတိထားပါနော်... စားဖါးတွေများနေပြီ တော်တော်ဆိုးတယ်နော်.. ကျားကြီးရင်ပိုကြောက်ရတယ်လေ...သိလာ... နောက်မှဆက်ပြောမယ်နော်. ကြိုက်သလိုဝေဖန်ပိုငခွင့်ရှိပါတယ် ဗျာ

Tuesday, November 25, 2008

မှားတပ်မိတဲ့ ကြယ်သီးများ

ခွေးဟောင်ခံရသူတိုင်းဟာ သူခိုး မဟုတ်သလို ဆံပင်ရှည်ထားသူတိုင်းလဲ
အနုပညာသမား မဟုတ်နိုင်ဘူး။ ဒါပေမဲ့ တစ်ချို့လူတွေမှာ "နှိမ်ကြည့်တတ်တဲ့"
မျက်လုံးတွေရှိတယ်။ ကိုယ်မြင်သမျှ "လူ"ကို အဲဒီမျက်လုံးတွေက "အထင်အမြင်"
မှားစေတတ်တယ်။
ရုံးပိတ်ရက်တွေမှာ နာမကျန်းတဲ့ မိခင်ကို ကြည့်ဖို့ပြန်တဲ့ မိန်းမကို သူက
သောကြာနေ့ ညတိုင်း ဘူတာရုံ လိုက်ပို့တတ်တယ်။ သူ့ မိန်းမစီးတဲ့
ရထားထွက်ပြီး ၁၀မိနစ်အကြာမှာ မိန်းမ မရှိတုန်း အိမ်မှာ လာကူပေးမဲ့
သူ့ညီမစီးတဲ့ ရထားဆိုက်တယ်။ တနင်္ဂနွေနေ့မှာတော့ မိန်းမနဲ့ ညီမရဲ့ ခရီးစဉ်က
ပြောင်းပြန်ပါ။ ညီမစီးတဲ့ ရထားထွက်ပြီး ၁၀မိနစ်မှ မိန်းမစီးတဲ့
ရထားဆိုက်တယ်။
တစ်ညမှာ ညီမရဲ့ ရထားထွက်သွားပြီး မိန်းမ ပြန်အလာကို
သူဆက်စောင့်နေခဲ့တယ်။ဘူတာဝန်ထမ်းတစ်ဦးက သူ့ဆီလျှောက်လာပြီး "ဆရာ.. ခင်ဗျာ
သိပ်ပိုင်တာပဲ။တစ်နေ့နေ့ မိသွားမှာ မစိုးရိမ်ဘူးလား" လို့ ရယ်ကျဲကျဲနဲ့
မေးတော့တယ်။
တစ်ချို့ လူတွေက တစ်ခြားသူတွေနဲ့ ဆက်ဆံရမှာ "ကြိုတင် ရှုတ်ချမဲ့"
မျက်မှန်ကိုတပ်ထားတတ်တယ်။ လူတွေကို လေးထောင့် "ဘောင်"ထဲ
ထည့်ပြီးသူရဲ့အကျင့်စရိုက်၊ သူ့ရဲ့ သဘောထားကို ဘောင်ခတ်ပြီး "သူက
လူဆိုး""သူက လူကောင်း" "နောက်မီးလင်းနေတာ" "သူ့ကိုယ်သူ ဟုတ်လှပြီ
ထင်နေတာ" လို့ထင်မြင်ချက်တွေ ပေးတော့တယ်။ နောက်တော့ အထင်နဲ့အမြင်က
တက်တက်စင်အောင် လွဲနေတာတွေ ဖြစ်တတ်တယ်။
နောက်အဖြစ်အပျက် တစ်ခုက ဆိုင်တစ်ဆိုင်ရဲ့ စားပွဲတစ်လုံးမှာ
အမျိုးသမီးနှစ်ဦး ထိုင်ပြီး အစားစားနေကြတယ်။ တစ်ယောက်က သူ့ထီးကို
စားပွဲဘေးမှာ ထောင်ထားတယ်။ ကျန်တဲ့တစ်ယောက် အရင်စားပြီးတော့ အယောင်ယောင်
အမှားမှားနဲ့ ထီးကို ယူပြီး ထထွက်ဖို့ လုပ်တယ်။ ဒါကို ထီးပိုင်ရှင်
အမျိုးသမီးက မြင်တော့ "ဒါ ကျွန်မရဲ့ ထီး" ဆိုပြီး လှမ်းအော်တယ်။
အယူမှားသွားတဲ့ အမျိုးသမီးက အားတုန့်အားနာနဲ့ ကိုယ့်ထီးလို့ထင်ပြီး
ယူမိကြောင်း တောင်းပန်ပါတယ်။
ထီးမှားယူမိတဲ့ အမျိုးသမီးက ဆိုင်အပြင် ရောက်တော့ ထီးဝယ်ဖို့
သတိရလိုက်တယ်။အပြန်လမ်းမှာ သူနဲ့သားအတွက် ထီးနှစ်ချောင်း ၀ယ်လိုက်တယ်။
ဖြစ်ချင်တော့ ဆိုင်မှာတွေ့ခဲ့တဲ့ ထီးပိုင်ရှင်ကို ဘတ်စ်ကားပေါ်မှာ
ပြန်တွေ့လိုက်တယ်။ ထီးပိုင်ရှင်ကသူ့လက်ထဲက ထီးနှစ်ချောင်းကို ကြည့်ပြီး
အထင်အမြင်သေးတဲ့ ပုံစံနဲ့ " မဆိုးဘူးဘဲ.. ဒီနေ့ တွက်ခြေကိုက်တာပဲ" လို့
ပြောလိုက်တယ်။
တစ်ချို့လူတွေက တစ်ခြားသူကို ဝေဖန်တဲ့အခါမှာ အဲဒီလူကို "အကောင်း"
သို့မဟုတ် "အဆိုး" လို့ မြင်ပြီး ကိုယ်ထင်မြင်ချက်တွေကို ပေးတတ်ကြတယ်။
ကိုယ့်အတွက် "အကောင်း" လို့ ထင်တဲ့လူကို သူ့ရဲ့စကား၊ သူ့ရဲ့
ကောင်းကွက်ကို ကြည့်ပြီး ဝေဖန်တယ်။ ကိုယ့်အတွက် "အဆိုး"
လို့မြင်သူကိုတော့ ကိုယ်မြင်သမျှ မကောင်းကွက်တွေကို သူ့အပေါ်
ပုံအောပစ်လိုက်တတ်ကြတယ်။ ဒါကို "Halo Effect" (ရောင်ခြည်အ၀န်း
အကျိုးသက်ရောက်မှု) လို့ခေါ်တယ်။ ဥပမာ - လူတွေက လကိုကြည့်လိုက်တာနဲ့
လရဲ့ဘေးမှာ ဖြာထွက်နေတဲ့ ရောင်ခြည်ကိုလဲ သတိထားမိတတ်ကြသလိုပေါ့။
တစ်ချို့ လူတွေက ကိုယ့်ရဲ့ ပထမဆုံးမြင်တဲ့ ထင်မြင်ချက်နဲ့
တစ်ခြားလူတစ်ယောက်ရဲ့ အပြုအမှု၊ အပြောအဆိုကို ဝေဖန်တတ်ကြတယ်။
စကားပုံတစ်ခုမှာ "နှိမ်ကြည့်တတ်တဲ့ အကြည့်ဟာ အသိဥာဏ်မရှိတဲ့ ကလေးနဲ့
တူတယ်" လို့ ဆိုထားပါတယ်။ လူအများစုက ကိုယ့်ကို နားမလည်သလို ကိုယ်ကလဲ
လူတိုင်းကို နားလည်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နှိမ့်ကျတဲ့အကြည့်၊
အထင်အမြင်မှားတဲ့ အတွေးမျိုးနဲ့ တစ်ဖက်သားကို မဝေဖန်သင့်ဘူး။
ဝေဖန်ခံခဲ့ရရင်လဲ စိတ်ထဲမှာ တေးမှတ်မထားသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့
ပထမဆုံး ကြယ်သီးတစ်လုံးကို လူတိုင်း မှားတပ်မိခဲ့ဖူးကြမယ်
မဟုတ်ပါလား....--