သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။

Wednesday, February 11, 2009

ဖဒိုမန်းရှာ (သို့မဟုတ်) ကြယ်တပွင့် ကြွေလွင့်ခြင်း ရဲဘော် သံခဲ (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး)

“ကျနော်မြင်တဲ့ ဖဒိုမန်းရှာက အင်မတန်မှ အရည်အချင်းရှိတဲ့ နိုင်ငံရေး၊ တော်လှန်ရေး သမားကောင်း တယောက် ဖြစ်ပါတယ်။ သူဟာ ကရင့်အမျိုးသား အစည်းအရုံးရဲ့ အထွေထွေ အတွင်းရေးမှူး ဖြစ်သလို ကရင်အမျိုးသားတွေရဲ့ တကယ့်ကို အာဇာနည်တဦးလည်း ဖြစ်ပါတယ်။ ကျနော်သိသမျှ တော်လှန်ရေးသမားတွေထဲမှာ တကယ့်ကို စစ်စစ်မှန်မှန်နဲ့ အမျိုးသားရေး၊ ဒီမိုကရေစီရေးအတွက် အရည်အချင်းရှိရှိ၊ အင်မတန်မှ အလုပ်တွေ ဆောင်ရွက်နိုင်တဲ့ ပုဂ္ဂိုလ်တယောက်
ဖစ်ပါတယ်။ ဒီလို အာဇာနည်တယောက် ဆုံးရှူံးသွားတယ်ဆိုတာ ကြားသိရတာဟာ ကျနော်တို့ အားလုံးအတွက် နှလုံးမသက်မသာဖွယ်ဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်ကြံခံရမှုကြောင့် ကျဆုံးသွားတဲ့ ဖဒိုမန်းရှာ လိုချင်တဲ့ အမျိုးသားရေးတွေ၊ ဒီမိုကရေစီအရေးတွေဟာ ဘယ်တော့မှ ကျဆုံးသွားမှာ မဟုတ်ပါဘူး။ ဒီလို လုပ်ကြံမှုမျိုးတွေနဲ့လည်း လွတ်မြောက်ရေး တိုက်ပွဲတွေ ရပ်သွားမှာ မဟုတ်ဘူးဆိုတာ မဟုတ်မဟတ်လုပ်ကြံတဲ့ လူတွေကို ဒီနေရာက ပြောချင်ပါတယ်။

ဒီဘက်က တော်လှန်ရေး ခေါင်းဆောင်ကြီးတွေကို လုပ်ကြံမယ်ဆိုတဲ့ သတင်းတွေက ထွက်နေတာ ကြာပြီဗျ။ သို့သော်လည်း ဒီဒေသမှာ သတင်းပေးတွေ၊ ရန်သူ့ဘက်က လူတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါကြောင့်မို့ တော်လှန်ရေး သတိကတော့ ကျနော်တို့အနေနဲ့ အမြဲမပြတ် ရှိနေဖို့ လိုအပ်တယ်။ ဖဒိုမန်းရှာက အခုလို လုပ်ကြံခံရတယ်ဆိုတာ ကျနော်တို့ တော်လှန်ရေး အဖွဲ့တွေ အပေါ်မှာ တော်လှန်ရေး သတိတွေ ပိုပြီးရှိကြဖို့ အသက်နဲ့ရင်းပြီး ပညာပေးသွားတယ်ဆိုတာ ကျနော်တို့ အနေနဲ့ပြောရင် ပြောလို့ ရနိုင်ပါတယ်”
http://soneseayar.blogspot.com/

No comments: