သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။

Thursday, February 12, 2009

ဗိုလ်ချုပ်အောင်ဆန်း(ဖေဖေါ်ဝါရိ 13 အမှတ်တရ)

ဗိုလ်ချုပ်အောင်ဆန်း

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ ဖခင်၊ လွတ်လပ်ရေး ဗိသုကာကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းသည် သက္ကရာဇ် ၁၂၇၆ ခု၊ တပေါင်းလဆန်း ၁ ရက်(၁၉၁၅ ခု၊ ဖေဖေါ်ဝါရီ လ ၁၃ ရက်) စနေနေ့ တွင် မကွေးခရိုင်၊နက်မောက်မြို့ ၊ အဖအမိန့် တော်ရ ရေု့ နေ ဦးဖာ၊ အမိဒေါ်စုတို့ မှဖွားမြင်သည်။

အသက်ခုနှစ်နှစ်အရွယ် နတ်မောက်မြို့ ၊ ဆရာတော် ဦးဘောဘိတ၏ ကျောင်းတွင် ပညာသင်၍ အသက်၁၄နှစ်အရွယ်တွင် ရေနံချောင်းမြို့  အမျိုးသားအထက်တန်းကျောင်းသို့  ကူးပြောင်းသင်ကြားရာ၊၁၉၃၂ ခုနှစ်အသက်၁၈နှစ်တွင်အထက်တန်းပညာကို အောင်မြင်၍ ထိုနှစ်ဇွန်လမှာပင် ရန်ကုန်တက္ကသိုလ်သို့  ရောက်ရှိလေသည်။

၁၉၃၅ခုနှစ်တွင် တက္ကသိုလ်သမဂ္ဂအမှုဆောင် နှင့် သမဂ္ဂမှထုတ်ဝေသော အိုးဝေစာ စောင်စာတည်းအဖြစ် ဆောင်ရွက်သည်။၁၉၃၆-၃၇ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရပြီးနောက်၊၁၉၃၇ -၃၈ ခုနှစ်တွင် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌ အဖြစ်ရွေးကောက်တင် မြှောက်ခြင်းခံရပြန်လေသည်။ ဤသို့  ကျောင်းးသားအရေးအရာများကို မဆုတ်မနစ် ရှေ့ ဆောင်ခေါင်းရွက် ဆောင်ရွက်ခဲ့ပြီး နောက်၊၁၉၃၈ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂဥက္ကဌအဖြစ်မှ ထွက်၍ ဒို့ ဗမာအစည်းအရုံးသို့  ၀င်ရောက်ပြီးလျှင် အတွင်းရေးမှူးအဖြစ် နေ့ ညမနား ဆောင်ရွက် လေသည်။

၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာရာ ပြည်ထောင်စုမြန်မာနိုင်ငံတော် ကြီးသည် နယ်ချဲ့ တို့ လက်အောက်မှရှင်းရှင်းကြီး လွတ်မြောက်ရမည်ဟူသော အဓိဌာန်ဖြင့် ၁၉၄၀ ပြည့်နှစ်၊ သြဂုတ်လတွင် မြန်မာပြည် ပြည်ပသို့ ထွက်ပြီးနောက် မြန်မာပြည်လွတ်လပ် ရေး ရစေမည်ဟုသော ဂျပန်အစိုးရ၏ ကတိကိုယူ၍ ရဲဘော်သုံးကျိပ်နှင့်အတူ စစ်ပညာကိုသင် ကြားပြီးလျှင် ၁၉၄၁ ခု ၊ ဒီဇင်ဘာလတွင် ၂၆ ရက်နေ့ တွင် ယိုးဒယားပြည်ဘန်ကောက်မြို့ ၌ ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဖွဲ့ စည်းလေသည်။


ထို့ နောက်ဗိုလ်ချုပ်အောင်ဆန်းကြီးမှူးသော ရှေ့ ဆောင်သော ဗမာလွတ်လပ်ရေး တပ်မတော်သည် ဂျပ်စစ်တပ်များနှင့်အတူ ပူးတွဲချီတက်လာပြီးနောက်နယ်ချဲများ လက်မှ မြန်မာနိုင်ငံတော်ကြီးကို ပြန်လည်သိမ်းပိုက်လိုက်လေသည် ။သိုသော် ဂျပန်စစ်တပ်သည် ကတိဖောက်ဖျက်ရုံသာမက ပြည်သူလူထုအပေါင်းတို့ အား ညှဉ်းပန်းနှိပ်ဆက်မှုများကို ပြုကျင့်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာတပ်မတော်ကြီးနှင့်တကွ တပြည်လုံးကိုခေါင်း ဆောင်လျှက် ၁၉၄၅ ခု မတ်လ ၂၇ ရက်နေ့ တွင် ဖက်ဆစ်ဂျပန်တို့ အား အတည်အလင်း စစ်ကျေညာ၍ သုတ်သင်ရှင်းလင်းပြစ်ပြီးလျှင် လူထုကြီးတရပ်လုံးကို ဖက်ဆစ်တို့ ၏ ကြမ်း ကြုတ်ရက်စက်မှု ဘေးမှ ကယ်တင်လိုက်လေသည်။

ဖက်ဆစ်ဂျပန်များ အုတ်ခွါထွက်ပြေးကြပြီးနောက် ဗြိတိသျှတပ်များ ၀င်ရောက်လာရာ၌ လည်း ဗြိတိသျှတို့ သည် မြန်မာပြည်ကို ကျွန်သက်ရှေစေမည့် စက္ကူဖြူစာတန်းကို ယူလာကြ ပြန်သည် ။ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ခဲသော် (ဖ၊တ၊ပ၊လ ) ခေါ် ဖတ်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေးအဖွဲ ချုပ်ကြီးကို အမျိုးသားတပ်ပေါင်းစု ကြီး အဖြစ်ပြန်လည်ဖွဲ့ စည်းလျှင် လွတ်လပ်ရေး အောင်လံကြီးကိုလွှင့်ထူ၍ လွတ်လပ်ရေး တိုက်ပွဲကြီးကို ဆင်နွဲလေသည်။ ထို့ နောက် ယာယီကြားဖြတ်အစိုးရ အဖွဲ့ အတွင်းသို့ ဝင်ရောက်ဆာင်ရွတ်၏။ ဗြိတိသျှတို့ ထံလွတ်လပ်ရေး အတွက် အရေးဆိုရာ ၁၉၄၆ ခုနှစ် ဇန်န၀ါရီ လ၂ ရက်နေ့ တွင် ဘိလပ်သို့ ဖိတ်ကြားခြင်းခံရပြီးလျှင် ၁၉၄၇ ဇန်န၀ါရီလ ၂ရက်နေ့ တွင် ဘိလပ်သို့ သွာရောက်လေသည်။ သို့ လျှင် ဗြိတိသျှအစိုးရ၏ ဖိတ်မန်ချက်အရ သွားရမည့် ဆဲဆဲတွင် “ ခေါင်းတောင်းကျိုက် မဖြုတ်ကြနှင့် ” ဟု ပြည်သူလူထုအား အသင့်ရှိ စေရန် မှာကြားခဲ့သည် ။ ပြီးနောက် အင်္ဂလန်ပြည် ၊ လန်ဒန်မြို့ သို့ တက်ရောက်ကာ လွတ်လပ် ရေး အတွက် အရေးဆို၍ “အောင်ဆန်း အက်တလီ” စာချုပ်ကို ချုပ်ဆိုခဲ့ပြီးလျှင် “တစ်နှစ် အတွင်း၊ လွတ်လပ်ရေးရရမည်” ဟူသော ရဲရဲတောက် ကတိကြီးကို ပြည်သူလူထုအား ပေးလေသည်။ ထိုနောက် ပင်လုံတွင် တပြည်ထောင်လုံး ညီညွတ်ရေးကြီးကို မြဲခိုင်စွာ အုတ် မြစ်ချပြီးနောက် တနိုင်ငံလုံး ကိုယ်စားလှယ်များ ပါဝင်သောတိုင်းပြု ပြည်ပြု လွှတ်တော်ကြီးကို ရွေးကောက်ဖွဲ့ စည်း၍ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကြီးကို ရေးဆွဲခဲ့လေသည်။

ထိုသို့  ပြည်သူလူထုကြီးတရပ်လုံးကို လမ်းပြခေါင်းဆောင်လျက်မိမိ၏အသက်စည်းစိမ် ကို မြူတခြမ်းမျှ ပမာဏမပြုဘဲ ပြည်သူလူထု၏ အကျိုး ပြည်ထောင်စုကြီး၏ အကျိုးကိုသာ မျက်မှောက် ပြုလျက် အပြင်းအထန် ကြိုးပမ်းဆောင်ရွက်နေဆဲမှာပင် ၁၉၄၇ ခု ဇူလှိုင်လ ၁၉ ရက်နေ့ ၌ လူ့ မသမာတို့ ၏ လက်ချက်ဖြင့် ပြည်သူ့ လူထု၏ဖခင် ကျေးဇူးရှင် ကြီးသည် လွတ်လပ်ရေးတိုက်ပွဲတွင် ကျဆုံးခဲ့ရလေသည်။
(ကျနော်ဒီပိုစ်လေးကိုတင်ရတဲ့ရည်၇ွယ်ချက်က ကျွန်တော်တို့ စစ်အာဏာရှင် ခြေဖ၀ါးအောက်ရောက်နေသော မျိုးဆက်သစ် လူငယ် များအတွက် ရေးပြီးတင်ခြင်းဖြစ်ပါတယ်..............) မြန်မာနိုင်ငံတွင် 14 ရက်နေ့ဘာနေ့လဲလို့မေးရင် 3 နှစ်သားကလေးက အစသိပါတယ်လေ..........13 ရက်နေ့ဘာနေ့လဲလို့ မေးရင်တော့ ဘာနေ့မှန်းကိုမသိတဲ့ မျိုးဆက်သစ်လူငယ်တွေအများအပြားရှိနေပါတယ် ) ဒီပို့စ်လေး ဖတ်ပြိးသူများ ကူးယူပြိး မေးစ်မှတဆင့်တခြားသူများထံသို့ပေးပို့စေချင်ပါတယ်)

No comments: