သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။

Monday, December 1, 2008

ဘန်ကောက် ဆူဝမ်နဖုန်လေဆိပ်ကို လုံထိန်းတပ်ဝိုင်းပြီ လေဆိပ်ပြဿနာဖြေရှင်းမှုသွေးထွက်သံယိုနှင့်အဆုံးသတ်နိုင်

ဆန္ဒပြသူများ သိမ်းပိုက်ထားသည့် ဘန်ကောက် ဆူဝမ်နဖုန်လေဆိပ်ကို စနေနေ့နှောင်းပိုင်းမှာ ရဲလုံထိန်းအင်အား ၂၀၀၀ ကျော်က ၀ိုင်းထားလိုက်သည့်အတွက် သွေးထွက်သံယိုမှုနှင့် အဆုံးသတ်နိုင်သည်ဟု ထိုင်းမီဒီယာအချို့က ရေးသားသည်။နိုဝင်ဘာ (၂၉) ရက် စနေနေ့ည သန်းခေါင်ကျော်တွင် လက်ပစ်ဗုံးနှင့် တိုက်ခိုက်မှုကြောင့် ဘန်ကောကမြို့ ထိုင်းဝန်ကြီးချုပ်ဝင်းအတွင်းရှိ ဆန္ဒပြသူ (၄၀) ကျော် ဒဏ်ရာရသွားသည်။ ဘန်ကောက်မှာ ဗုံးကွဲမှုများ၊ အစိုးရထောက်ခံသူနှင့် ဆန့်ကျင်သူများကြား ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေသော်လည်း အင်အားချည့်နဲ့နေသည့် ထိုင်းအစိုးရအနေဖြင့် ထိထိရောက်ရောက် အရေးမယူနိုင် ဖြစ်နေသည်။

ထိုအတောအတွင်း ထိုင်းနိုင်ငံ၌ သောင်တင်နေသည့် နိုင်ငံခြားသား ခရီးသွားများကို ဘန်ကောက် အရှေ့တောင်ဘက် မိုင် (၉၀) ကျော်ရှိ အူတာပေါင် (U-tapoa) လေဆိပ်မှတဆင့် ပြည်ပထွက်ခွာခွင့်ပေးနေသည့်အတွက် အူတာပေါင်လေဆိပ်ရှိ ခရီးသည်များကို ယာယီတဲထိုးပြီး နေရာချပေးထားရသည်။

နိုဝင်ဘာ (၂၉) ရက်နေ့က အူတာပေါင်-ရန်ကုန်-အူတာပေါင် တရက်ခရီးစဉ်အတွက် ထိုင်းအဲယားဝေးက စီစဉ်ပေးခဲ့သော်လည်း နောက်ရက်များတွင် ပြေးဆွဲနိုင်ရန် မသေချာဟု ရန်ကုန် အရောင်းတာဝန်ခံက ပြောသည်။

ဘန်ကောက် ဆူဝမ်နဖုန်လေဆိပ်ရှိ ဆန္ဒပြသူများက အရေးပေါ်အမိန့်ကို ဆကပြီးအာခံနေသလို ထိုင်းအစိုးရဘက်ကလည်း ပြဿနာဖြေရှင်းနိုင်ခြင်းမရှိသည့်အတွက် ဘန်ကောက်လေဆိပ်နှစ်ခု ပြန်ဖွင့်နိုင်မည့်ရက် မရေရာဘဲရှိနေသည်။

လေဆိပ်ပြဿနာမဖြေရှင်းနိုင်လျှင် အခွန်ပေးမည်မဟုတ်ဟု ထိုင်းစီးပွားရေးခေါင်းဆောင်များက အစိုးရကို ရာဇသံပေးထားသည်။ ထိုင်းအစိုးရ မထိန်းနိုင်တော့သည့်အတွက် အစိုးရနုတ်ထွက်ပေးရန် ထိုင်းကုန်သည်ကြီးများအသင်းက တောင်းဆိုလိုက်သည်။

ထိုင်းအစိုးရ၏ အဓိက အဆောက်အဦဖြစ်သည့် ၀န်ကြီးချုပ်ရုံးကို သြဂုတ်လထဲက ဆန္ဒပြသူများသိမ်းပိုက်ထားသည့်အတွက် ဘန်ကောက် ဒွန်မောင်းလေဆိပ်ကို ယာယီ ၀န်ကြီးအဖွဲ့ က အစည်းအဝေးများ လုပ်ခဲ့ရသည်။ ယခုတဖန် ဒွန်မောင်းလေဆိပ်ကို အစိုးရဆန့်ကျင်သည့် ဆန္ဒပြသူများက သိမ်းလိုက်သည့်အတွက် ထိုင်းဝန်ကြီးအဖွဲ့ ရုံးထိုင်စရာမရှိ ဖြစ်နေသည်။ အဓိက လေဆိပ် (၂) ခုကို အသိမ်းခံရသည့်အတွက် ၀န်ကြီးအဖွဲ့ဝင်များ တကွဲတပြားစီ ဖြစ်နေပြီး ၀န်ကြီးချုပ်မှာလည်း ချင်းမိုင်တွင် သောင်တင်နေသည်။ လေဆိပ် (၂) ခုသိမ်းထားသည့် ဆန္ဒပြသူများ ဖယ်ရှားရေးအတွက် ထိုင်းအစိုးရက အရေးပေါ်အမိန့်ထုတ်သော်လည်း စစ်တပ်က မသိကျိုးကျွံလုပ်နေသည်။

အစိုးရထောက်ခံသည့် ဆန္ဒပြအဖွဲ့ဝင် ထောင်ပေါင်းများကလည်း ယနေ့ ဘန်ကောက် ဆနန်းလွမ်ကွင်းပြင်မှာ စုဝေးမည်ဆိုသည့်အတွက် ထိုင်းနိုင်ငံရေးမှာ ပိုပြီး တင်းမာလာနေသည်။

No comments: